Wednesday, August 28, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဆွေးနွေး




Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဩဂုတ် ၂၇





 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ရာ ဘေဂျင်းမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေသည် နံနက် ၁၁ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာအရေး မျက်နှာစာများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များအား ဆွေးနွေးကြသည်။ ကမ္ဘာ့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ တို့တွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ ရပ်တည်မှုကို တန်ဖိုးထားကျေးဇူးတင် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ က မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ပြီး ယင်းမျက်နှာစာများတွင် မြန်မာနိုင်ငံ ဘက်မှ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာတွင် မစ္စတာဝမ်ယိက ယင်းကိစ္စကို မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံချင်းသာ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း တရုတ် နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ပြောကြား သည်။ နေ့ရပ်စွန့်ခွာသူများကိစ္စကို နှစ်နိုင်ငံချင်းသာ ဖြေရှင်းဆောင်ရွက်ရေး သည် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ထပ်တူဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံ သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သာလျှင် လက်တွေ့ကျပြီး ထိရောက်မှု ရှိသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိတို့ သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပြီး မစ္စတာဝမ်ယိက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည့် မြန်မာအစိုးရ၏ ထိပ်တန်းဦးစားပေး အဖြစ် အကောင်အထည်ဖော်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပြောကြားသည်။
၎င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိ တို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ စီမံကိန်းကို အရှိန်အဟုန်မြှင့်တင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ကိုလည်း ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်

No comments:

Post a Comment