Saturday, August 24, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ (၄၅)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်

Image may contain: 7 people, people standing


နေပြည်တော် ဩဂုတ် ၂၃



မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၅)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး၏ ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ဖွဲ့ဝင်နှင့် မိသားစုများ တက်ရောက်ကြည့်ရှု အားပေးကြသည်။


အနိုင်ရရှိ

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင် ကစားကြရာ အမျိုးသမီးဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အသင်းက ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အသင်း အား သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အသင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ပင့်ထောင်ဆု၊ ရိုက်ခုပ်ဆု၊ ပိတ်ဆို့ဆု၊ စပေးဘောဆု၊ ဆယ်မဆုနှင့် အကောင်းဆုံး အားကစားသမားဆုများနှင့် တတိယရရှိသော မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့  အမျိုးသမီးအသင်း၊ စည်ပင်သာယာရဲတပ်ဖွဲ့   အမျိုးသားအသင်းအား ရဲချုပ်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဒုတိယရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အမျိုးသားအသင်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူ ဦးသိန်းဦးက လည်းကောင်း၊ ဒုတိယရရှိသော ကချင်ပြည်နယ် ရဲတပ်ဖွဲ့ အမျိုးသမီးအသင်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီးကလည်းကောင်း၊ ပထမရရှိသော ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသမီးအသင်းအား ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီးကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။


တံခွန်စိုက်ဒိုင်းများပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပထမရရှိသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ခဲ့ပြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမရရှိခဲ့ကြသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသားအသင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသမီးအသင်း တို့အား တံခွန်စိုက်ဒိုင်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်

No comments:

Post a Comment