Wednesday, August 21, 2019

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာ - ဂျပန် - အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပ ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်




Image may contain: 16 people, people smiling, wedding and indoor
ရန်ကုန် ဩဂုတ် ၂၀ 



တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေး အတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။
အဆိုပါ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်း ၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ဖိုရမ်အား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းMyanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလား အလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် သည်။
အသီးသီးရှိ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများ အရ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီး ရှိသည်။
တိုးတက်မှုအမြင့်မားဆုံး
ဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ၏ ဂျီဒီပီ သည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက် လာခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ သည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါ ကြောင်း၊ အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများ ကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို တွင်ကျယ်လာသည်ကို တွေ့နိုင်ပါ ကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုပါကြောင်း၊ ယခုအခါ သီလဝါအထူးစီးပွားရေး ဇုန် တွင် ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီး မြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော် မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း၊ ဂျပန် နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Suzuki နှင့်Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်းနှင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံခဲ့
ဆက်လက်၍ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် General Electric၊ Chevron နှင့် Ford ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ အတွက် လိုအပ်သည့် အရည်အသွေးရှိပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ Overseas Private Investment Corporation မှ မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီတစ်ခု
ဖြစ်သည့်Apollo Towersကုမ္ပဏီမှ တစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသော တာဝါတိုင် ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်း ပြောကြားသည်။
ရင်းနှီးပွင့်လင်းစွာမေးမြန်း
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိုရမ်သို့ တက် ရောက်လာကြသည့် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးများမှကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စား လှယ်များ၊JICA နှင့် JETROတို့မှ ကိုယ်စားလှယ်များ၊ ဂျပန်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အတွေ့အကြုံများအား ရင်းနှီး ပွင့်လင်းစွာ မေးမြန်းခဲ့သည်။
အလေးထားပြောကြား
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အဆင်ပြေ လွယ်ကူချောမွေ့စေရေး အတွက် ဖြေလျှော့ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အား မိတ်ဆက်ခြင်းနှင့် စီမံချက်ဘဏ် (PROJECT BANK)နှင့် မြေယာ ဘဏ်(LAND BANK) တို့အကြောင်း ကို အလေးထားပြောကြားခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအလားအလာများတိုးတက်လာ စေရေးအတွက် စီစဉ်ဆောင်ရွက်မှု များအား မြန်မာ့ဆိုင်းဝိုင်း၏ အစီအစဉ် ကျနပုံကို ဥပမာပေးလျက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အစီအစဉ်တကျ ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရာ တွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းအသစ်များနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးမှု အစီအစဉ်ကို ဆက်လက်ပြုလုပ်သည်။
ဆွေးနွေး
ပထမ စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးMr. Ichiro Maruyama နှင့် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးMr. Scot Marciel တို့က အရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေရေးအတွက်''ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့်လုပ်ကိုင်ရာတွင် ပုဂ္ဂလိက ကဏ္ဍမှ အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ၎င်းစိန်ခေါ်မှုများအတွက် မြန်မာ - ဂျပန် - အမေရိကန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု'' ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ များ ကြုံတွေ့ရသည့် စိန်ခေါ်မှုများမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် လိုအပ်သည့် အခွင့်အလမ်းအဖြစ် ယူဆနိုင်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဆက်လက်၍ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များက ''ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍနှင့် မြန်မာ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြုံတွေ့နေရ သည့် ၎င်းတို့၏ စိန်ခေါ်မှုများ'' ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြပြီး ဂျပန် နိုင်ငံနှင့်အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုတိုးမြှင့်ရန် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိသည့် စီးပွားရေး လုပ်ငန်းများအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိဂုံးချုပ်အမှာစကား ပြောကြား၍ ဖိုရမ်ကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်

No comments:

Post a Comment