Wednesday, August 7, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင်တို့ လာရောက်ဂါရ၀ပြုတွေ့ဆုံ

Image may contain: 2 people, people sitting and indoor

နေပြည်တော် ဩဂုတ် ၆
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတဦးဝင်းမြင့် အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ နှင့် အချိန်ပြည့်အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော် နိုင်တို့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမ၌ လာရောက် ဂါရ၀ပြု တွေ့ဆုံသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ဖွဲ့စည်းမှု၊ ၂၀၁၅ ခုနှစ် ကြက်ခြေနီအသင်းဥပဒေအရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ညီလာခံကျင်းပ သွားမည့်အခြေအနေ၊ အဆိုပါ ညီလာခံတွင် မြို့နယ်အသင်းခွဲမှစ၍ ကောင်စီဝင်နှင့် အလုပ်အမှုဆောင် အဆင့်ဆင့် ရွေးချယ်တင်မြှောက်သွား မည့်အခြေအနေ၊ အသင်းကြီး၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်း အနားကို မူဝါဒလမ်းညွှန်ချက်များနှင့် အညီ ကျင်းပသွားမည့်အခြေအနေတို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းလုံး စေတနာအလျောက် လွတ်လပ်စွာ ကူညီ ဆောင်ရွက်ပေးနေသော အသင်းဖြစ်ကြောင်း၊ အသင်းကြီးသည် ဂျီနီဗာ သဘောတူညီချက် များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ၏ မူဝါဒ များ၊ အခြေခံမူများနှင့်အညီ လုပ်ကိုင်ဆောင် ရွက်ကြရပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကရုဏာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ကြရကြောင်း၊ လူသားချင်းစာနာထောက်ထားသော ဝန် ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးကြရ ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များ၊ လှူပယောဂကြောင့်ဖြစ်သည့် ဘေးအန္တရာယ် များ၊ အရေးပေါ်ကိစ္စများတွင်လည်း ပါဝင် ကူညီကြရပါကြောင်း၊ ကျန်းမာရေး၊ ရောဂါ ဘယကြိုတင်ကာကွယ်ရေးနှင့် လူမှုဝန်ထမ်း လုပ်ငန်းများတွင်လည်း ကူညီစောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတော်၏အင်အားတစ်ရပ်ဖြစ်ပါကြောင်း။
ဦးတည်ဆောင်ရွက်
အသင်း၏ညီလာခံကို ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြီး မဲပေးခွင့်ရှိသူများ မဲပေးပိုင်ခွင့်ရရှိ ရေးကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကောင်စီဝင် များကို ထိုညီလာခံက ရွေးချယ်ဖွဲ့စည်းပေးရ မည်ဖြစ်ပြီး ကောင်စီဝင်များ မှန်မှန်ကန်ကန် ရရှိရေးကိုလည်း ဦးတည်ဆောင်ရွက်ရန်လို ကြောင်း၊ ကောင်စီဝင်များထဲမှ အလုပ်အမှု ဆောင်များအားစနစ်တကျ ရွေးချယ်ပြီး ယင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များက မိမိတို့အဖွဲ့ဝင်များထဲမှ အသင်းဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အချိန် ပြည့်အလုပ်အမှုဆောင်နှစ်ဦးနှင့် အချိန်ပိုင်း အလုပ်အမှုဆောင် ခြောက်ဦးတို့ကို ရွေးချယ် တင်မြှောက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရွေးချယ်တင်မြှောက်ရာတွင် စေတနာပါပါ၊ လုပ်ရည်ကိုင်ရည်နှင့်အတွေ့အကြုံရှိရှိ၊ တာဝန် ကျေကျေဖြင့် နိုင်ငံတော်အတွက် ထမ်းဆောင် နိုင်သူများကို ရွေးချယ်ပေးကြရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် အလှူငွေ ကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌက လက်ခံသည်။ ယင်းနောက် နိုင်ငံတော်သမ္မတအား အသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရာသက်ပန် အသင်းဝင်တံဆိပ်အား ပေးအပ်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment