Thursday, August 22, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



Image may contain: 5 people, people standing
ရန်ကုန် ဩဂုတ် ၂၁




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်း ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက် ကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အားMyanmar Japan Thilawa Development (MJTD) ရုံး Multipurpose Hall ၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ သီလဝါအထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ၊ Myanmar Japan Thilawa Development Ltd. (MJTD) ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် President and CEO, Mr. Tomoyasu Shimizuတို့က သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီလဝါအထူးစီးပွားရေးဇုန်ကို မြင်တွေ့ လိုက်ရသည့်အတွက် များစွာဂုဏ်ယူမိပါ ကြောင်း၊ Master Plan လုပ်ဆောင် ထားသည်ကိုတွေ့ရပြီး ကုန်ထုတ်လုပ် သည့် စက်ရုံများသာမက လူနေထိုင်သည့်
အဆောက်အဦများပါ ပါဝင်သည့်အတွက် လုံခြုံရေးသည် အရေးကြီးသကဲ့သို့ အကျိုးအမြတ်ရရှိရေး၊ အောင်မြင်စွာ အကောင်အထည် ဖော်ရေးသည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါ ကြောင်း။
အချင်းချင်းဆက်ဆံရေး အရေးကြီး
သီလဝါအထူးစီးပွားရေးဇုန်အတွက် အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင် Coordination နှင့် Cooperation ရှိရန် အရေးကြီးကြောင်း၊ ဌာနဆိုင်ရာ အချင်းချင်းဆက်ဆံရာတွင် Coordi- nation သည် အရေးကြီးသကဲ့သို့ ပြည်သူများနှင့် ဆက်ဆံရာတွင် လည်း ကောင်း၊ ကုမ္ပဏီများနှင့် ဆက်ဆံရာတွင် လည်းကောင်းCooperation သည် အရေးကြီးပါကြောင်း။
ဖွံ့ဖြိုးမှုတိုးတက်မှု ချိတ်ဆက်နေ
သီလဝါအထူးစီးပွားရေးဇုန်တွင် Complaint Program ကို အသစ်တီထွင် လုပ်ဆောင်ထားသည့် အတွက် ပြည်သူများနှင့် ထိတွေ့သည့်အခါ လုပ်ဆောင်သည့် စနစ်သည် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်သည့် ကောင်းမွန်သော အစဉ်လာကောင်းနှင့် အကောင်အထည် ဖော်မှုစနစ်ကောင်းတစ်ခု ဖြစ်လာပါ ကြောင်း ၊ စီးပွားရေးမူဝါဒအရ အလုပ် အကိုင် ဖန်တီးပေးမှုနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတို့ သည်လည်း ချိတ်ဆက်နေပါကြောင်း။
ဝန်ဆောင်မှုတစ်ခု ဖြစ်
One Stop Service Center (OSSC) သည် နေ့စဉ်နေ့တိုင်းအတွက် အမှန်တကယ် အောင်မြင်အောင် လုပ်ကိုင်ပေးနေသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည့်အတွက် လွန်စွာအားရမိပါ ကြောင်း၊ လျင်လျင်မြန်မြန်နှင့် ပိုမို အောင်မြင်အောင် ဆောင်ရွက်စေလို ကြောင်း၊ Coordination ESifh Cooperation ရှိခြင်းတို့သည်OSSC ၏ အောင်မြင်မှုတစ်စိတ်တစ်ဒေသဖြစ် ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်၏ ကြိုးစားဆောင်ရွက်မှုနှင့် ဦးဆောင်မှု ကောင်းခြင်းတို့ကြောင့် ဤကဲ့သို့ အောင်မြင်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ တက်ရောက်လာ သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများ နှင့်အတူ One Stop Service Center (OSSC)သို့ သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများ နှင့်အတူ သီလဝါအထူးစီးပွားရေးဇုန် (အေ) အတွင်းရှိ နားကြပ်များ၊ စပီကာ များ၊ Headphone များ ထုတ်လုပ်နေ သည့်Foster Electric Thilawa Co.,Ltdစက်ရုံ၊ ဆေးဝါးထုတ်လုပ်နေ သည့် Zifam Pyrex Myanmar Co., Ltd. စက်ရုံ၊ ကျန်းမာရေး နို့ဒိန်ချဉ်ထုတ်လုပ်နေသည့် Yakult Myanmar Co., Ltd.စက်ရုံနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် နေသည့် Suzuki Thilawa Motor Co., Ltd. စက်ရုံများသို့ သွားရောက်ရာ စက်ရုံတာဝန်ရှိသူများက ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် စက်ရုံ များအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ် နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် လက်ရှိနိုင်ငံပေါင်း ၂၀ မှ လုပ်ငန်းပေါင်း ၁၁၃ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်ဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကာ ယင်းတို့အနက် လုပ်ငန်း ၇၆ ခုမှာ စီးပွားဖြစ် စတင် လည်ပတ်နေပြီး လုပ်ငန်း ၂၀ မှာ ပြည်ပ ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံ များတွင် အမြဲတမ်းလုပ်သား ၉၀၀၀ ကျော်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများ တွင် လုပ်ကိုင်သူများအပါအဝင် စုစုပေါင်း ၂၀၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက် ရှိသည်။ သီလဝါအထူးစီးပွားရေးဇုန် ဇုန်အေ ၄၀၅ ဟက်တာကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် စီးပွားဖြစ်စတင် ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းပေါင်း ၈၇ ခုကို ခွင့်ပြုမိန့်ထုတ်ပေးထားကာ ဇုန်ဘီကို အဆင့်လိုက် ဆက်လက်အကောင် အထည်ဖော်လျက်ရှိရာ လုပ်ငန်းပေါင်း ၁၈ ခု ခွင့်ပြုမိန့် ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment