Thursday, August 22, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဧဒင်မြန်မာပရဟိတအဖွဲ့၏ လုပ်ငန်းများဆောင်ရွက်နေမှု သွားရောက်ကြည့်ရှု




Image may contain: 9 people, people smiling
ရန်ကုန် ဩဂုတ် ၂၁





 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန် ရှိသူများနှင့်အတူ လူကုန်ကူးခံရသည့် အမျိုးသမီးများအား ပြန်လည်ပြုစု ပျိုးထောင်ပေးပြီး ရေရှည်အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန်အတွက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် (၅)ရပ်ကွက် ဟံသာ ရိပ်မွန်လုံးချင်းအိမ်ရာဝင်းအတွင်း ဖွင့်လှစ် ထားသည့် ဧဒင်မြန်မာပရဟိတအဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ တွင် သွားရောက်ကြည့်ရှုသည်။
လမ်းညွှန်မှာကြား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဧဒင်မြန်မာမှ တာဝန် ရှိသူများက လူကုန်ကူးခံရသည့် အမျိုး သမီးများအား စောင့်ရှောက်ထားရှိမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြမှု များနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
သတင်းစဉ်
ဓာတ်ပုံ- Claire Steyn (ဧဒင်မြန်မာ)

No comments:

Post a Comment