Friday, August 23, 2019

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသည့် နိုင်ငံခြားသားများအား တပ်မတော်မှ ကူညီပို့ဆောင်

Image may contain: 2 people, people smiling, outdoor
နေပြည်တော် ဩဂုတ် ၂၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့တွင် ပိတ်မိနေသည့် Go and Love Foun-dation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးကို ယနေ့တွင် တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင် ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးသည် ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်း၌  
ဩဂုတ် ၃ ရက်မှစ၍ ပညာရည်မြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် AA၊ TNLA ၊ MNDAA လက်နက် ကိုင်အဖွဲ့များ၏ မြို့ ၊ ရွာများအား တိုက်ခိုက်မှု၊ လမ်း၊ တံတားများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.K Guest House ၌ ဩဂုတ် ၁၅ ရက်မှစ၍ ပိတ်မိနေခဲ့ကြောင်း။


အဆိုပါ နိုင်ငံခြားသားများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် တပ်မတော် (လေ)မှ ရဟတ်ယာဉ်ဖြင့် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ လည်းကောင်း၊ ဆက်လက်၍ တပ်မတော်လေယာဉ် ဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့သို့ လည်း ကောင်း အန္တရာယ်ကင်းရှင်းစွာ ကူညီ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment