Sunday, August 25, 2019

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲဖွင့်ပွဲကျင်းပ




Image may contain: 13 people, people smiling, people standing, child and outdoor
နေပြည်တော် ဩဂုတ် ၂၄




ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်း ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာရှိအဆောက်အအုံ အမှတ်(၂၈)တွင် ကျင်းပသည်။
အစီအစဉ် ပထမပိုင်းတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံ ဆိပ်ကမ်းဘဏ်ခွဲအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲဆိုင်းဘုတ် အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
မြို့၊ ဒေသများသို့ ငွေလွှဲပို့နိုင်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က CHID ဘဏ်သည် နိုင်ငံတော်အတွင်း ဆောက်လုပ်ရေး၊ မြို့ပြနှင့်အိမ်ရာကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက် သွားမည့် ဖွံ့ဖြိုးရေးဘဏ်ဖြစ်ပါကြောင်း၊ ဘဏ်တစ်ခု၏ လုပ်ငန်းစဉ်များဖြစ်သောငွေများလက်ခံခြင်း၊ ချေးငွေထုတ်ချေး ခြင်း၊ ငွေပေးအမိန့်လက်မှတ်ရောင်းချ ခြင်း၊ Debit Card ထုတ်ဝေခြင်း၊ ငွေလွှဲ ပို့ခြင်းစသည့် Commercial ဘဏ် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ငွေလွှဲလုပ်ငန်းအနေ ဖြင့် ဘဏ်ခွဲအရေအတွက်နည်းသော် လည်း မြန်မာနိုင်ငံသားများဘဏ်၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်၊ ကမ္ဘာ့ ရတနာဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ ရွှေဘဏ် များနှင့် ချိတ်ဆက်ထားသည့်အတွက် ယင်းဘဏ်များရှိသည့် မြို့၊ ဒေသများ သို့ ငွေလွှဲပို့နိုင်ပါကြောင်း၊ ဘဏ်၏အဓိကအားသာချက်မှာ Develop-ment Bank ဖြစ်သည့်အလျောက် နှစ်ရှည်ချေးငွေများဖြင့် အိမ်ရာချေးငွေ စနစ်နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေး ချေးငွေများအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါကြောင်း၊ ဝင်ငွေ နည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိ စေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံODA Loan (Two-step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာ သော နှစ်ရှည်အိမ်ရာချေးငွေဖြင့်JICA, ODA Loan criteriaနှင့် ကိုက်ညီ သော အိမ်ရာများအတွက် Housing Mortgage Loan များ ချေးပေးနေပြီ ဖြစ်ပါကြောင်း။
အိမ်ရာနှစ်ရှည်ချေးငွေဈေးကွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုး နည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာ စီမံကိန်းတိုက်ခန်းများ ဝယ်ယူသူများကို ချေးငွေထုတ်ချေးပေးလျက် ရှိပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖြစ်သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇန အိမ်ရာ အပိုင်း(၁)၊ (၂)နှင့် ကနောင် အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ပန်း အိမ်ရာအပိုင်း(၂)၊ (၃)နှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖြစ်သော လှိုင်သာယာ မြို့နယ်ရှိ ကျန်စစ်မင်းနှင့် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းတို့ကို ရောင်းချပေးနေပါ ကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသာမက အနာဂတ်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် နိုင်ငံတစ်ဝန်းလုံးရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုပါ ထုတ်ချေးပေးသွား ရန်လည်း စီမံထားရှိပါကြောင်း၊ ယခုလို ထုတ်ချေးပေးခြင်းဖြင့် အိမ်ရာကဏ္ဍအတွက် အိမ်ရာနှစ်ရှည်ချေးငွေ ဈေးကွက် ပေါ်ထွန်းလာပြီး ဝင်ငွေအလယ်အလတ် ရှိသူများနှင့် ဝင်ငွေနည်းပြည်သူများစွာ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိလာနိုင်မည် ဖြစ်ပါ ကြောင်း။
နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်
ဝင်ငွေနည်းပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့် ရရှိရန်အတွက် သတ်မှတ်ထားသည့် ကြိုတင်ငွေများ ပေးသွင်းနိုင်ကြရန် CHID ဘဏ်တွင် Housing Sav-ings များ လာရောက်စုဆောင်းထား ကြရန် တိုက်တွန်းလိုပါကြောင်း ၊ CHID ဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရရှိထားသည့်အတွက် အပြည်ပြည် ဆိုင်ရာ ဘဏ်လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ နိုင်ငံခြားငွေ စာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ် ရေးလုပ်ငန်းနှင့်ပတ်သက်၍ ငွေလွှဲ စာတမ်းများ ဖွင့်လှစ်လက်ခံခြင်း၊ TT စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာသို့ ငွေလွှဲ ပေးခြင်း၊ LC (Letter of Credit)၊ BG (Bank Guarantee)၊ လေလံ အာမခံ(Bid Bond Guarantee) နှင့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Perfor-mance Guarantee)များကိုလည်း နိုင်ငံခြားအဆက်အသွယ် ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
နေထိုင်မှုအဆင့်အတန်းမြင့်မားရေး
ယနေ့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးဆိုင်ရာ ဝန်ထမ်းအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများက CHID ဘဏ်ကို ယုံယုံကြည်ကြည်နှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အသုံး ပြုပေးစေလိုပါကြောင်း၊ ဆောက်လုပ် ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်သည် လာမည့်အနာဂတ် ကာလတွင် နိုင်ငံတော်ကရည်မှန်းထား သည့်အတိုင်း မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး နေထိုင်မှုအဆင့်အတန်း မြင့်မား လာရေးကို အလေးပေးဆောင်ရွက်သွား ရန်နှင့် နိုင်ငံတော်အတွက်၊ ပြည်သူလူထု အတွက် အားကိုးယုံကြည်ရသော ဘဏ္ဍာ ငွေကြေးအရင်းအမြစ် ထောက်ပံ့ပေးနိုင် သောဘဏ်အဖြစ် ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်း ကို ကျင်းပရာ ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲအထိမ်း အမှတ် ကမ္ပည်းမော်ကွန်းကြေးပြားကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့်တာဝန် ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ က အမွှေးနံ့သာရည်များ ပက်ဖျန်းပေး သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဘဏ်ခွဲအတွင်း လှည့်လည် ကြည့်ရှုသည်။
ပဲခူးဘဏ်ခွဲ ဖွင့်လှစ်သွားမည်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို Semi – Government Bank အဖြစ် စတင်တည်ထောင်ခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်းငါးနှစ်ကျော်ရှိပြီး ထိုကာလ အတွင်း ရန်ကုန်မြို့တွင် ဘဏ်ခွဲလေးခု၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ မုံရွာ၊ ဘားအံနှင့် ယနေ့ဖွင့်လှစ် သည့် ဒဂုံဆိပ်ကမ်းဘဏ်ခွဲအပါအဝင် စုစုပေါင်းဘဏ်ခွဲ ၁၃ ခု ရှိပြီဖြစ်သည်။ ဆက်လက်၍ ၁၄ ခုမြောက် ပဲခူးဘဏ်ခွဲကို လည်း မကြာမီဖွင့်လှစ်သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ ဆိပ်ကမ်းမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment