Saturday, July 6, 2019

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Image may contain: one or more people, people standing and outdoor
နေပြည်တော် ဇူလိုင် ၅
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲ တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနအကြီးအကဲများက ကံ့ကော်ပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုးပေးကြသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပျိုးပင်များကို စုပေါင်းစိုက်ပျိုး ကြရာ ပြည်ထောင် စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးကြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်တစ်လုံးသရက်၊ စိန်ပန်း ပြာ၊ တမာ၊ ပိတောက်၊ ပန်းမဲဇလီ၊ မည်စည်၊ ကုက္ကို၊ မန်ကျည်း၊ ဆီး၊ ပိန္နဲ စသည့်ပျိုးပင်ပေါင်း ၁၇၀ဝ၀ တို့ကို နေပြည်တော် ပင်မဓာတ်အားခွဲရုံ အမှတ် (၂)၊ ရုံးအမှတ် (၆)၊ ရုံးအမှတ် (၄၄)တို့နှင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး (ပေါင်း လောင်း)၊ ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ် (၁)၊ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံ၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် ဝဏ္ဏသိဒ္ဓိအားကစားဝင်း ဓာတ်အားခွဲရုံတို့တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment