Saturday, July 6, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်၍ သစ်ပင်စိုက်ပျိုးပေး
Image may contain: 5 people, people standing, tree, outdoor and nature
နေပြည်တော် ဇူလိုင် ၅
၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်- တပ်ကုန်း အမှတ်(၁) လမ်းဘေးရှိ ဖိုးဇောင် တောင်ကြိုးဝိုင်း အကွက် အမှတ် (၂၂) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မဟော် ဂနီပင်ကို စိုက်ပျိုးပေးသည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ တက်ရောက် ကြသည်။
မဟော်ဂနီပင်စိုက်ပျိုးပေး
အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မဟော်ဂနီပင် ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေး သည်။ အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကံ့ကော်ပင်ကို လည်း ကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက သင်းဝင်ပင်ကို လည်း ကောင်း၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပိတောက်ပင်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တမလန်းပင်ကို လည်းကောင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာများ၌ သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
စုစုပေါင်း ၄၃၄ ပင် စိုက်ပျိုး
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများ သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
ယနေ့အခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ကံ့ကော်၊ အင်ကြင်း၊ ရေသင်းဝင်၊ မဟော်ဂနီ၊ ရင်းမာ၊ ငု၊ မဲဇလီ၊ ပန်းမဲဇလီ၊ ဆီသပြေ၊ သပြေ၊ မဏိသြဂ၊ သင်းဝင်၊ စစ်၊ မအူလက်တံတို၊ မအူလက်တံရှည်၊ ယမနေ၊ ရင်းတိုက် သစ်ပင်ပျိုးပင် စုစုပေါင်း ၄၃၄ ပင်ကို စိုက်ပျိုးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားတွင် ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ သစ်ပင်ပျိုးပင် စုစုပေါင်း ၃၃၃ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ ၈၅၁၇ ဒသမ ဝ၉ ဧက ကျယ်ဝန်း ပြီး အကွက်ပေါင်း ၅၁ ကွက်ရှိကာ အပင်မျိုး ၂၀ ကျော် ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment