Monday, July 22, 2019

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပအိုဝ်းလူမျိုးသမိုင်းဆိုင်ရာ စာအုပ်စာတမ်း ပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်

Image may contain: 7 people, people smiling, people standing and indoor


နေပြည်တော် ဇူလိုင် ၂၁


ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် အလှူငွေလက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ သာသနာ(၂၅၀၀) ဓမ္မာရုံ ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ် များ တက်ရောက်ကြသည်။


ရှင်းလင်းပြောကြား

ရှေးဦးစွာ ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္တပါလ ရာမညထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြ သည်။ ယင်းနောက် မွန်ပြည်နယ် ကော့ပလိုင်ကျောင်းဆရာတော် ဘဒ္ဒန္တတကေတုမာလာ၊ လမိုင်းကျောင်းဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ကန်းနီကျောင်းဆရာတော် ဘဒ္တသိလိန္ဒတို့က ဩဝါဒစကား ချီးမြှင့်တော်မူသည်။ ထို့နောက် ဟံသာထော ကျောင်းဆရာတော် ဘဒ္ဒန္တ သီလဝန္တက သာသနာ(၂၅၀၀) ရာမညဗိမာန်ကျောင်းနှင့်စပ်လျဉ်း၍ အလှူရှင်များအား ရှင်းလင်းပြောကြားသည်။


ဝါဆိုသင်္ကန်းများ ဆက်ကပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီးမိသားစုတို့က သာသနာ(၂၅၀၀) ရာမညဗိမာန်ကျောင်း ငါးထပ်ဆောင် ဆောက်လုပ်ရန်အတွက် အလှူတော်ငွေကျပ် သိန်း ၁၀၀ နှင့် ရပ်နီးရပ်ဝေးအလှူရှင်များက ဆရာတော်၊ သံဃာတော်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များက ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။


ပေးအပ်ချီးမြှင့်

ထို့နောက် မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဝန်ကြီးဌာနတွင် ရည်òန်းအသုံး ပြုရန်အတွက် ပအိုဝ်းလူမျိုးသမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။


ရေစက် သွန်းလောင်း

ယင်းနောက် ပရိယတ္တိဝေဒီကျောင်းဆရာတော် ဘဒ္တ ပါလရာမညက အနုမောဒနာတရားချီးမြှင့်ပြီး ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
နေ့ဆွမ်းဆက်ကပ်
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။


သတင်းစဉ်

No comments:

Post a Comment