Monday, July 22, 2019

ပထမအကြိမ် မြန်မာနိုင်ငံ အရေးပေါ်ကုသမှုဆေးပညာရှင်များညီလာခံ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

Image may contain: 1 person, indoor



ရန်ကုန် ဇူလိုင် ၂၁


ပထမအကြိမ် မြန်မာနိုင်ငံ အရေးပေါ်ကုသမှုဆေးပညာရှင်များညီလာခံ ဂုဏ်ပြုညစာ စားပွဲကို ဇူလိုင် ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည်။


ဂုဏ်ပြုညစာစားပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ မြန်မာနိုင်ငံအရေးပေါ်ကုသမှုဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမော်မော်ဦးနှင့် ကျွမ်းကျင်မှုဆိုင်ရာပညာရှင် Professor James HB Kong တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ပထမအကြိမ် မြန်မာနိုင်ငံအရေးပေါ်ကုသမှုဆေးပညာရှင်များညီလာခံကို ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် ပါမောက္ခများ၊ အရေးပေါ် ကုသမှုဆေးပညာရှင်များ၊ အရေးပေါ်သူနာပြုစုမှုပညာရှင်များက နှီးနှောဖလှယ်မှုများ၊ တင်ပြဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အရေးပေါ်ကုသမှုဆေးပညာရှင်များ၊ အရေးပေါ်သူနာပြုစုမှုပညာရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်သည်။


တွေ့ဆုံဆွေးနွေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေ ရောဂါကုဆရာဝန်များအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ ဆွေးနွေး သည်။


လူနာညွန်းပို့ ကုသမှုစနစ်

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာ ဝန်များအဖွဲ့ နာယကဒေါက်တာတင်အေး၊ ဥက္ကဋ္ဌဒေါက်တာခိုင်စိုးဝင်းနှင့် လာရောက် တွေ့ဆုံသူများက အထွေထွေရောဂါကုဆရာဝန်များ၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဆေးကုသမှုပိုင်းဆိုင်ရာ အရည်အသွေးစဉ်ဆက်မပြတ် မြင့်မားစေရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပညာရပ်ဆိုင်ရာစဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးစေရေး လမ်းညွန်စာအုပ်ကို ပြုစုထားရှိမှုနှင့် ဆက်လက်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက် မှုစနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပိုမိုအရည်အသွေးပြည့်၀စွာနှင့် ကျယ်ပြန့်စွာ လွှမ်းခြုံမှု ပေးနိုင်မည့်ကိစ္စ၊ ဝန်ထမ်းမဟုတ်သော အထွေထွေရောဂါကုဆရာဝန်များ တက်ရောက်နိုင်သည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာဒီပလိုမာ သင်တန်းများ သင်ကြားဆောင်ရွက်နေမှု၊ မိသားစုကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာမဟာဘွဲ့အား ဆေးတက္ကသိုလ်များနှင့်ပူးပေါင်း၍ သင်တန်းများ လက်တွေ့ ဖွင့်လှစ်သင်ကြားနိုင်ရန် လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ ၂၀၂၀ ပညာသင် နှစ်အတွင်း အဆိုပါမဟာဘွဲ့သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးပေးရန်လိုအပ်မည့်အချက်များ၊ က္ဘာ့မိသားစုကျန်းမာရေး စောင့်ရှောက်ရေး ဆေးပညာရှင်များအဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာကွန်ဖရင့်နှင့် အာဆီယံဒေသဆိုင်ရာ ပဏာမကျန်းမာရေးစောင့်ရှောက်သူများ ကွန်ဖရင့်တို့ကို ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပသွားရန် စီစဉ်ပြီးဖြစ်၍ ဝန်ကြီးဌာနမှ ပံ့ပိုးပေးနိုင်မည့်ကိစ္စ၊ ဝန်ထမ်းမဟုတ်သည့် အထွေအထွေရောဂါကုဆရာဝန်များမှ ဆေးရုံများသို့ လူနာòန်းပို့ ကုသမှုစနစ် ခိုင်မာအားကောင်းစွာပေါ်ထွန်းလာရေးနှင့် အပြန်အလှန် ညွန်းပို့မှုစနစ် ယခုထက်ပိုမို လက်တွေ့ကျစွာဆောင်ရွက်နိုင်ရေးကိစ္စ ရပ်များအား တင်ပြသည်။


အထိရောက်ဆုံးပံ့ပိုးပေးမည်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အထွေထွေရောဂါကုဆရာဝန် များအတွက် စဉ်ဆက်မပြတ် ဆေးကုသမှုအရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးတက် စေရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်ခြင်းနှင့်အဆင့်အတန်း မြင့်မားခြင်းသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အထွေအထွေရောဂါကုဆရာဝန်များ၊ မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆေးပညာရှင်များ၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်များပါဝင်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှု (Primary Care) လုပ်ငန်းများ၏ အရည်အသွေးကောင်းမွန်မှု၊ ကျယ်ပြန့်စွာလွှမ်းခြုံ ဆောင်ရွက်နိုင်မှု၊ ပြည်သူ့ဆေးရုံကြီးများနှင့် လူနာများအပြန်အလှန်ညွှန်းပို့ခြင်းအပါ အဝင် ထိရောက်စွာချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ သက်ဆိုင်ရာကုသရေးနှင့် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများနှင့် သတင်းအချက်အလက်များ အပြန်အလှန်ပေးပို့ ဖလှယ်နိုင်မှု စသည့်အချက်များပေါ်တွင် များစွာမူတည်နေသဖြင့် ၎င်းလုပ်ငန်းများ ကို ဆောင်ရွက်နေကြသည့် အထွေအထွေရောဂါကုဆရာဝန်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ မိသားစုဆေးပညာမဟာဘွဲ့ (Master in Family Medicine) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် အထိရောက်ဆုံးပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။


အထွေထွေရောဂါကုဆရာဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ၊ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝန်ကြီး ဌာနမှ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်၍ ထိရောက်သော ပံ့ပိုးမှုများပေးအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။


သတင်းစဉ်

No comments:

Post a Comment