Tuesday, July 30, 2019

နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




Image may contain: 1 person, crowd
နေပြည်တော် ဇူလိုင် ၂၉




ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင် ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ UNDP၊ အာဆီယံနိုင်ငံများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဆွေးနွေးပွဲ ပထမပိုင်း ကို ဆက်လက်ကျင်းပရာ Global Study of Intrinsic Motivation မှ Research Associate, Ms. Assel Mussagulova က နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက် ခြင်းမှ ထိုးထွင်းသိမြင်ခြင်းများ ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပြည်သှူဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ် ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ နမ့်ခင်သင်းစုက မြန်မာနိုင်ငံရှိ ပြည်သှူ ကဏ္ဍ၌ နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် UNDP မှ Public Administration Expert, Mr. Christophoros Politis က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ နိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင် (စီးပွားရေးပညာရှင်) ဦးသုတအောင် က ဦးဆောင်၍ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် စိတ်အား ထက်သန်တက်ကြွစွာ လှုံ့ဆော်မြှင့်တင် ပေးခြင်းနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ များ၏ ထိရောက်ကောင်းမွန်သည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး ကြသည်။
စိတ်အားထက်သန်စွာ ဝန်ဆောင်မှုပေး
ယင်းနောက်UNDP မှ Human Resources Management System Expert, Dr. John Vong က နိုင်ငံ့ ဝန်ထမ်းများ စိတ်အားထက်သန်တက်ကြွ လာစေရေးအတွက် အားပေးထောက်ကူ သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း နှင့် ခေတ်မီလှူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တစ်ခုအား မိတ်ဆက် တင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပြည်သှူဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မာမျိုးက အရည်အချင်းကို အခြေခံသော ဝန်ထမ်းရွေးချယ် ခန့်ထားမှု မှတစ်ဆင့် ပြည်သူများအား စိတ်အား ထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေး ခြင်းကို အားပေးမြှင့်တင်ခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာကြ သူများက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြပြီး UNDP မှ LEAP Project Manager, Ms. Valentina Bianchini က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အနှစ်ချုပ်ပြန်လည်ဆွေးနွေး သည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံလှူစွမ်းအား ဗဟိုဌာန၏ ပဓာနအာဘော်ဖြစ်သည့် ပြည်သှူဝန်ထမ်းများအား လုပ်ငန်းခွင် တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့် တင်ပေးခြင်းကို လုပ်ငန်းစဉ်တစ်ခုအနေ ဖြင့် ACCSM WORK PLAN (2016-2020) အောက်တွင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံ လှူစွမ်းအား ဗဟိုဌာနများကို ခိုင်မာအားကောင်း စေရန် ACCSM WORK PLAN (2016-2020) အောက်တွင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက် ရသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားအာဆီယံနိုင်ငံများ နည်းတူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment