Tuesday, July 2, 2019

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၅၇ ဦးအား ကြိုဆို

Image may contain: 9 people, people standing, suit and indoor

ရန်ကုန်   ဇူလိုင်   ၁

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက်  နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ    ပြန်လည်လက်ခံရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ နိုင်ငံ သားစိစစ်ပြီးသူများကို သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် စတုတ္ထအကြိမ် ပြန်လည်စိစစ် လက်ခံရေး   အစီအစဉ်အား    အဆင်ပြေချောမွေ့စွာ   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး

မိမိဆန္ဒအလျောက်    နေရပ်ပြန်လိုသူ    မြန်မာနိုင်ငံ သားများအား ဇူလိုင် ၁ ရက်တွင် နို့ပိုးဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၁၅၁ ဦး၊ မယ်လဒုက္ခသည် စခန်းမှ ငါးဦး၊ အုန်းပြန်ဒုက္ခသည်စခန်းမှတစ်ဦး စုစုပေါင်း ၁၅၇ ဦးအား မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁)မှတစ်ဆင့် ခေါ်ဆောင်လာခဲ့ပြီး မြန်မာဘက်မှတာဝန်ရှိ သူများက မြ၀တီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် နွေးထွေး စွာဖြင့်   ကြိုဆိုလက်ခံကြောင်း၊ အဆိုပါပြန်လည် လက်ခံ ရေးအစီအစဉ်သို့ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် မြန်မာသံရုံးအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ  ပြည်နယ် ဝန်ကြီးနှင့်အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး   အစိုးရအဖွဲ့၏      လက်ခံရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည်

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများအား မြန်မာ ဘက်မှတာဝန်ရှိသူများက     လွှဲပြောင်းလက်ခံမှုအပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ခံရေးကော်မတီဝင်များက  နေရပ်ပြန်များ  အခြေချ နေထိုင်မည့် မူလဇာတိဒေသများအရောက်  ပို့ဆောင်ခြင်း၊ အိမ်ထောင်စုသုံး    လတ်တလောထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများ   ပေးအပ်ခြင်းများ   ဆောင်ရွက်ပေးခဲ့သည့် အပြင်    မြန်မာနိုင်ငံသားဆိုင်ရာ   အိမ်ထောင်စုဇယား ပုံစံ-၁၀နှင့် နိုင်ငံသားခိုင်မာမှုအဆင့်အလိုက် နိုင်ငံသား စိစစ်ရေးကတ်များကို   ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။ ထို့အပြင် နေရပ်ပြန် မိသားစုဝင်များအတွက် ပညာရေး၊  ကျန်းမာရေးဆိုင်ရာ   ကူညီပံ့ပိုးပေးခြင်းတို့ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များက အခန်းကဏ္ဍအလိုက် ဆက်လက်ကူညီဆောင်ရွက် ရန်ရှိကြောင်း သိရသည်။

ဆက်လက်လက်ခံ ကြိုဆိုသွားရန်ရှိ

ထို့ပြင်  ဒုတိယနေ့ပြန်လည်လက်ခံရေး  အစီအစဉ်ကို ဇူလိုင် ၂ ရက်တွင် ဘန်မနွိုင်ဆွိုင်းဒုက္ခသည်စခန်းမှ နေရပ် ပြန်လိုသူ     မြန်မာနိုင်ငံသားများအား   မယ်စဲ့ဂိတ်မှ လည်းကောင်း၊ ထမ်ဟင်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား      ထီးခီးဂိတ်မှလည်းကောင်း ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး     တတိယနေ့ပြန်လည် လက်ခံရေးအစီအစဉ်ကို  ဇူလိုင်  ၃  ရက်တွင်  မယ်လ၊ အုန်းပြန်နှင့် မယ်လအုန်းဒုက္ခသည်စခန်းများမှ နေရပ်ပြန် လိုသူ မြန်မာနိုင်ငံသားများအား မြ၀တီမြို့ရှိ ကျောက်လုံး ကြီးစခန်းတွင်    မြန်မာသံရုံး မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လိုက်ပါပို့ဆောင်၍    မြန်မာဘက်တာဝန်ရှိသူများက   ဆက်လက် လက်ခံကြိုဆိုသွားရန်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment