Tuesday, July 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပုဂံ-ညောင်ဦး လေဆိပ်နှင့် ပခုက္ကူလေဆိပ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




Image may contain: 4 people, people standing and indoor
နေပြည်တော် ဇူလိုင် ၂၉




ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်သည် ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး လေဆိပ်သို့ ရောက်ရှိလာရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူ များက ပုဂံ-ညောင်ဦးလေဆိပ်၏ လက်ရှိ လေယာဉ်ပြေးလမ်းနှင့် လေဆိပ် အဆောက်အအုံအခြေအနေ၊ လေယာဉ် များ အဆင်းအတက်နှင့် ခရီးသည် ဝင်^ထွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာသတ်မှတ်ခဲ့ပြီးဖြစ်သည့် အတွက် ဤဒေသသို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင် ကြောင်း၊ အထူးသဖြင့် လာမည့်ခရီးသွား ရာသီတွင် ပုဂံသို့ လေယာဉ်ဖြင့် လာရောက်မည့် ခရီးသည်အရေအတွက် တိုးတက်များပြားလာနိုင်သဖြင့် လေဆိပ် ၏ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန် စွာဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ လိုအပ်ပါက လေဆိပ်အဆောက်အအုံကို အကြီးစားမွမ်းမံပြင်ဆင်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကောင်းသော၊ သန့်ရှင်းသပ်ရပ်သော လေဆိပ်တစ်ခု ဖြစ်စေရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားပြီး လေဆိပ် အဆောက်အအုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အစီအမံများ ကြိုတင်ရေးဆွဲ
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး ပခုက္ကူလေဆိပ်သို့ရောက်ရှိပြီး လေယာဉ် ပြေးလမ်း၊ လေဆိပ်အဆောက်အအုံနှင့် လေယာဉ် အဆင်း/အတက် အသုံးပြု နိုင်မှုအခြေအနေများကို စစ်ဆေး ကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ပြည်ထောင်စုဝန်ကြီးက ပုဂံ-ညောင်ဦးလေဆိပ်သည် ကာကွယ် ထိန်းသိမ်းထားသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်နှင့် နီးကပ်စွာတည်ရှိ နေ၍ ရေရှည်တွင် လေဆိပ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ပခုက္ကူလေဆိပ်မှာ ထပ်မံတိုးချဲ့နိုင်မည့် မြေဧရိယာ အလုံအလောက်ရှိသဖြင့် နောင်တွင် လေဆိပ်အား အဆင့် မြှင့်တင်နိုင်ရန်အစီအမံများ ကြိုတင် ရေးဆွဲထားရန်လိုအပ်ကြောင်း ပြောကြား သည်။
အလုပ်ကိုကြိုးစား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ပခုက္ကူဘူတာသို့သွားရောက်၍ မြန်မာ့မီးရထားမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ ပြည်သူကိုချိုသာစွာဆက်ဆံရန်၊ အလုပ် ကိုကြိုးစားကြရန်နှင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေထိုင်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment