Monday, July 1, 2019

အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးထားဂါရ၀ပြု

Image may contain: text

ယနေ့ ဇူလိုင်လသို့ရောက်ပြီ။  ဇူလိုင်လတွင် မြန်မာပြည်သူလူထုတစ်ရပ် လုံးမမေ့နိုင်သည့်  အာဇာနည်နေ့အခမ်းအနားများကို ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရသည်။ အစဉ်အလာမပျက် ယခင်နှစ်များနှင့်မတူ ထူးထူးကဲကဲ အနှစ်သာရပြည့်၀စွာဖြင့် ကျင်းပနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။

ထိုသို့စီစဉ်နိုင်သောကြောင့် ပြည်သူ့အစိုးရတာဝန်ယူသော (၃)နှစ် တာကာလအတွင်းဝယ် ရှေးယခင်နှစ်များနှင့်မတူ အာဇာနည်နေ့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအသက်ဝင်လာပါသည်။   ပြည်သူ့အစိုးရဖြစ်သည် နှင့်အညီ ပြည်သူချစ်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံရိပ်များသည် ပိုမိုပီပြင်လာ သည်ဟု ဆိုရမည်ဖြစ်သည်။

အာဇာနည်နေ့အခမ်းအနားသည်    နှစ်စဉ်နှစ်တိုင်းကျင်းပနေကျ နိုင်ငံတော်အခမ်းအနားဖြစ်သော်လည်း ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ များ တန်ဖိုးထားလေးစားမြတ်နိုးသော  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား တလေးတစား အလေးထားဂါရ၀ပြု နိုင်ရန်အတွက် ခင်းကျင်းစီမံဆောင်ရွက်ပေးလျက်ရှိရာ ယခင်နှင့်မတူ တိုးတက်ကောင်းမွန်သည်ကို မြင်တွေ့နေပြီဖြစ်ပါသည်။

အာဇာနည်နေ့အခမ်းအနားကို အနှစ်သာရပြည့်၀စွာဖြင့် ပီပီပြင်ပြင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံလွတ်လပ်ရေးအတွက်       အသက်ပေးခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ကျဆုံးခဲ့သည့်ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်စွန့်စားအနစ်နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်   အာဇာနည်ခေါင်းဆောင်ကြီးများ၏   ကျေးဇူးတရားများကို  ပြည်သူပြည်သားများ မမေ့မလျော့ရှိစေရန်အတွက် နှစ်စဉ် ခမ်းခမ်းနားနား ပြင်ဆင်ကျင်းပပေးနေခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် လွတ်လပ်ရေး၏ အသီးအပွင့်များကို လွတ်လွတ် လပ်လပ် ပြည့်ပြည့်၀၀ ခံစားနေကြပြီဖြစ်သည်။ ထိုသို့ခံစားနေရသော်လည်း လွတ်လပ်ရေးရရှိအောင် မည်သို့ရင်းနှီးပေးဆပ်ပြီးမှ ရရှိခံစားကြရသည် ကို သိရှိဖို့လိုပါသည်။ အသက်ပေးစွန့်လွှတ်ခဲ့ရသည့် အာဇာနည်ခေါင်း ဆောင်ကြီးများကို ထိပ်တန်းစံနမူနာထား၍ လွတ်လပ်ရေးသည် အသက် သွေးချွေးစတေးပြီးမှ ခက်ခက်ခဲခဲရရှိသည်ကို နောင်လာနောက်သားများ သိရှိစေရန်နှင့် ပြည်သူများ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်နိုးကြား စေလိုရင်းဖြစ်သည်။ 

အာဇာနည်နေ့ဆိုသည်နှင့်  ပြည်သူများအနေဖြင့် အာဇာနည်ခေါင်း ဆောင်ကြီး  ထာ၀ရလဲလျောင်းရာ   အာဇာနည်ဗိမာန်သို့ သာ ဦးတည်ချီတက် ၍ အလေးအမြတ်ထားဂါရ၀ပြုကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့ ရာ  နေအိမ်ပြတိုက်နှင့် ဒေသအသီးသီးရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့တွင် အမှတ်တရဂါရ၀ပြု အခမ်းအနားများ ကျင်းပခြင်း၊ ဆွမ်းကျွေးတရားနာကြားခြင်းများ ပြုလုပ်ကြသည်။

ယခုအခါ အာဇာနည်နေ့ကို ပိုမိုပီပြင်သက်ဝင်စေမည့် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန် မြို့ အတွင်းဝန်ရုံး  (ယခု ဝန်ကြီးများရုံး)၌ မမေ့နိုင်ဖွယ်ရာအခမ်းအနားများ၊ ဝမ်းနည်းကြေကွဲဖွယ်ရာ   လုပ်ကြံခံရသည့်  အစည်းအဝေးခန်းမတို့အား  အများပြည်သူ ကြည့်ရှုလေ့လာခံစားနိုင်စေရန် ယခင်နှင့်မတူ ခင်းကျင်း ပြင်ဆင် ဆောင်ရွက်နေပါသည်။

ယခုနှစ်ကျင်းပမည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား သည်  ယခင်နှစ်များနှင့်မတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် သက်ဆိုင်သည့်ပုံရိပ်များကို   စုံစုံလင်လင်
ပြည့်ပြည့်စုံစုံခမ်းခမ်းနားနား ပြင်ဆင်လျက်ရှိသည်ကို မြင်တွေ့နေရပါသဖြင့် လာရောက်လေ့လာကြည့်ရှုဂါရ၀ပြုကြမည့်ပြည်သူများ စိတ်ကျေနပ်လိမ့် မည်ဟု မျှော်လင့်ပါသည်။

ထိုသို့စီစဉ်ဆောင်ရွက်ပေးသဖြင့် ပြည်သူများ၏နှလုံးသားတွင် အာ ဇာနည်ခေါင်းဆောင်ကြီးများအား ပိုမိုအလေးအမြတ်ထားပြီး အာဇာနည်ခေါင်း ဆောင်ကြီး၏ ဂုဏ်အင်္ဂါများ၊ ကြိုးပမ်းအားထုတ်မှုများ၊ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စားမှုများကို  ပိုမိုသိရှိနားလည်လာကာ နိုင်ငံချစ်စိတ်၊ နိုင်ငံ့လွတ် လပ်ရေးကို ပိုမိုမြတ်နိုးတန်ဖိုးထားလိုစိတ်များ တိုးပွားလာမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယခင် နှစ်များနှင့်မတူ  ပိုမိုထူးကဲစွာ  ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ  အာဇာနည်ခေါင်းဆောင်ကြီးများအား ပိုမိုသတိရ တမ်းတကာ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းသည့် နိုင်ငံ့ပန်းတိုင် ကို ဆက်လက်သယ်ပိုးပါဝင်ထမ်းဆောင်ကြမည် ဖြစ်ပါကြောင်း။ 


No comments:

Post a Comment