Monday, July 8, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Image may contain: 2 people

နေပြည်တော်   ဇူလိုင်   ၇

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ထူးချွန်စွာအောင်မြင် ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်   တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန် ကျောင်းသားများအား  ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

တက်ရောက်

အခမ်းအနားသို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး  ဒေါ်ကြူကြူလှ၊  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊  ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း(အငြိမ်းစား)၊  ဆုရစစ်သည်များ၊ ကျောင်းသား ကျောင်းသူများ၊  မိဘများ၊ ဆရာ ဆရာမများ၊  အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာ၌ နိုင်ငံတော်တွင်လိုအပ်နေသည့် နည်းပညာနှင့် လူသား စွမ်းရည်အရင်းအမြစ်များ                      
ဖွံ့ဖြိုးတိုးတက်လာအောင်  ဆောင်ရွက်ကြရာ တွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံ အားကောင်းရန်လိုကြောင်း၊ ကျောင်းသားက ပညာကို တတ်အောင် ကြိုးစားသင်ယူ၊ ဆရာ များက ပညာကိုတတ်မြောက်အောင် သင်ကြား ပေး၊   မိဘများက သားသမီးများအတွက် ပညာရေးကို အားပေး၊  အုပ်ချုပ်ရေးတာဝန် ရှိသူများက ရုပ်ဝတ္ထုများနှင့် သင်ထောက်ကူ ပစ္စည်းများအပါအဝင် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင် စွာဖြင့် ပြည့်စုံသည့်သင်ကြားရေးပတ်ဝန်းကျင် ကို   ဖော်ဆောင်ပေးပြီး    ဝိုင်းဝန်းကူညီ အထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ် လူငယ်များ၏ ပညာရေးကဏ္ဍသည် တိုးတက် လာမည်ဖြစ်ကြောင်း၊  ပညာရေးစနစ်များ မည်သို့ပင် ပြောင်းလဲသင်ကြားသည်ဖြစ်စေ ကျောင်းသား    ကျောင်းသူများအနေဖြင့် သတ်မှတ်ထားသည့် အတန်းလိုက်ပညာရပ် များအား  အမှန်တကယ်တတ်မြောက်ကြရန် လိုကြောင်း ပြောကြားသည်။         

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာခေတ်၏ စိန်ခေါ်မှုများကို  ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တစ်နိုင်ငံတွင် သဘာ၀သယံဇာတ မည်မျှပင် ပေါကြွယ်၀သည်ဖြစ်စေ လူသားအရင်းအမြစ် ကြွယ်၀မှုမရှိလျှင်  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊   ထို့ကြောင့်   ယနေ့  ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လူသားအရင်းအမြစ်   ပေါကြွယ်၀စေရန် အတွက် မျိုးဆက်သစ်လူငယ်များကို ပညာရေး ကဏ္ဍ အထူးမြှင့်တင်ဆောင်ရွက်ပေးနေကြ သည်ကို   လေ့လာတွေ့ရှိရကြောင်း၊  ယနေ့ လူငယ်များဖြစ်သည့်    မောင်မယ်တို့သည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့်   မျိုးဆက်သစ်များဖြစ်ကြောင်း၊  အခြေခံပညာ များကို  ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်မယ်တို့သည် အဆင့်မြင့်ပညာများကို  ဆက်လက်သင်ယူကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာများကို  သင်ယူကြသည့် အခါတွင်လည်း  မလျှော့သောဇွဲ၊  လုံ့လ၊ ဝီရိယဖြင့် ဆက်လက်သင်ယူကြရန်၊ မိမိတို့၏ဘာသာရပ်   သင်ရိုးòန်းတမ်းများအပြင် အထွေထွေဗဟုသုတများကိုလည်း ဆက်စပ် လေ့လာကြရန်လိုအပ်ကြောင်း၊ ပညာဆိုသည် မှာ   ဘောင်အကန့်အသတ်မရှိ   နက်ရှိုင်း ကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် မိမိ၏ကာယ၊ ဉာဏ   စွမ်းအားအပေါ်မူတည်ပြီး  ထူးချွန် ထက်မြက်မည်ဖြစ်ကြောင်း၊  ပညာတတ်ချင်း တူလျှင် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေ သူက သာလွန်သည်ကိုအစဉ်သတိချပ်ရန်လို သည်ကို  မှာကြားလိုကြောင်း  ပြောကြား သည်။     

ရှင်းလင်းတင်ပြ

ထို့နောက်    စစ်ရေးချုပ်    ဒုတိယ        ဗိုလ်ချုပ်ကြီးဆန်းဦးက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော် သား  မိသားစုဝင်  သားသမီးများ၊   စစ်မှု           ထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ ဘက်စုံ ထူးချွန်လူငယ်များ၊    နိုင်ငံတော်အဆင့် ဆောင်းပါး၊  စာစီစာကုံး၊  ပန်းချီ၊  ကာတွန်း ဆုရရှိသူများနှင့်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခံရ သော   ကျောင်းသား   ကျောင်းသူများ၏ ထူးချွန်ဆုရရှိမှု၊   ဂုဏ်ပြုဆုချီးမြှင့်မှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို   ဆက်လက်ကျင်းပရာ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း၊ တပ်မတော်ပညာရေး ကျောင်းများမှ ၂၀၁၈-၂၀၁၉  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  အောင်ချက် အကောင်းဆုံးပထမဆုရရှိသော  အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မင်္ဂလာ ဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်း၊ ဒုတိယဆုရရှိသည့် အခြေခံပညာအထက်တန်း ကျောင်း(ရွှေနတ်တောင်)၊  တတိယဆုရရှိ သည့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(သိန်းနီ)တို့မှ   ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများကို    လည်းကောင်း၊      အောင်ချက်အကောင်းဆုံးပထမဆုရရှိသော အမှတ်(၃)တပ်မတော်ပညာရေးကျောင်း (အောင်ပန်း)၊ ဒုတိယဆုရရှိသည့် အမှတ်(၂) တပ်မတော်ပညာရေးကျောင်း(မိတ္ထီလာ)၊ တတိယဆုရရှိသော အမှတ်(၆)တပ်မတော် ပညာရေးကျောင်း   (မော်လမြိုင်)တို့မှ ကျောင်းအုပ်ကြီးများအား  ဂုဏ်ပြုဆုနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများကို  လည်းကောင်း၊ တပ်မတော်   အခြေခံပညာအထက်တန်း ကျောင်း  ၂၆ ကျောင်းနှင့်  တပ်မတော်ပညာရေး ကျောင်း  ကိုးကျောင်းအတွက် ငွေသားဆုများ အား   တာဝန်ရှိသူများကို    လည်းကောင်း ပေးအပ်သည်။

ဆက်လက်၍  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စာမေးပွဲ တွင်  ခြောက်ဘာသာဂုဏ်ထူးဖြင့်  ထူးချွန် စွာအောင်မြင်ခဲ့သော   ကျောင်းသားများ၊ အခြေခံပညာမူလတန်း စတုတ္ထတန်း အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်  ပထမဆုရရှိ သော မဆုလင်းထက်တို့အား  ဂုဏ်ပြုတံဆိပ်၊   ဂုဏ်ပြုဆုနှင့်   ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ဇနီး ဒေါ်ကြူကြူလှက ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု  ဆုနှင့်   ဂုဏ်ပြုမှတ်တမ်းလွှာများ   ပေးအပ် သည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက  ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများအား လည်းကောင်း၊   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်း နွယ်က ခြောက်ဘာသာဂုဏ်ထူးဖြင့်  ထူးချွန်စွာ အောင်မြင်ခဲ့သော   ကျောင်းသူများအား လည်းကောင်း  ဂုဏ်ပြုတံဆိပ်၊  ဂုဏ်ပြုဆု နှင့်     ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်     သည်။

ဆက်လက်၍      တာဝန်ရှိသူများက   ဂုဏ်ပြုဆုနှင့်     ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယနေ့ကျင်းပပြုလုပ်သော  ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားတွင်  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်    တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော် အခြေခံပညာ       အထက်တန်းကျောင်း  သုံးကျောင်း၊   တပ်မတော်ပညာရေးကျောင်း  သုံးကျောင်း၊  တစ်ဘာသာနှင့်  နှစ်ဘာသာ ဂုဏ်ထူးရရှိခဲ့သူစစ်သည် ၃၂ ဦး၊  တပ်မတော် သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစု ဝင်သားသမီးများနှင့်    စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏    သားသမီးများ ဖြစ်သော ခြောက်ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၇၂ ဦး၊  လေးဘာသာ ဂုဏ်ထူးရှင် ၈၈ ဦး၊    
သုံးဘာသာဂုဏ်ထူးရှင် ၁၀၆ ဦး၊  နိုင်ငံတော် အဆင့် ဘက်စုံပညာထူးချွန် ကျောင်းသား  ကျောင်းသူ စုစုပေါင်း ၃၆ ဦးကိုလည်းကောင်း၊        နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး ပြိုင်ပွဲဆုရရှိသူ ငါးဦး၊ အဆင့်မြင့်ပညာအဆင့်    အသက်မွေးဝမ်းကျောင်းတက္ကသိုလ်  ပညာ သင်ဆုရရှိသော တပ်မတော်သားမိသားစုဝင် များနှင့်     စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီး    ၈၃   ဦး စုစုပေါင်း ၄၆၀ တို့အား ဂုဏ်ပြုရွှေပြားဆု၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ   ပေးအပ်ချီးမြှင့်ခဲ့သည်။    ထို့အတူပညာဒါန စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တပ်မတော်သားမိသားစု ဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစု ဝင်သားသမီးများထဲမှ တစ်ဘာသာဂုဏ်ထူး ရရှိသူ ၆၉၃ ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရရှိသူ ၂၀၇ ဦး   စုစုပေါင်း ၉၀၀  တို့အား   ဂုဏ်ထူး တစ်ဘာသာလျှင် ဂုဏ်ပြုငွေ ၁၁၀၀၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း အဝေးရောက် ချီးမြှင့် ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော် သား  မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်        သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ်မှ   စတင်ပေးအပ်ခဲ့ရာ ယခုအကြိမ်သည်  အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း ခြောက်ဘာသာဂုဏ်ထူးရှင် ၃၁၆ ဦး၊   ငါးဘာသာဂုဏ်ထူးရှင် ၆၄၆ ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ၁၀၃၈ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၁၉၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၅၆၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၅၄၀၃ ဦးတို့အား ဂုဏ်ပြုရွှေသားဆုနှင့် ငွေသားဆု များချီးမြှင့်ပေးခဲ့သည်။  ထို့ပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍     အဆင့်မြင့်ပညာ အဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆုများကိုလည်း  ချီးမြှင့်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၇၂ ဦး၊  ၂၀၁၅  ခုနှစ်တွင် ၈၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၈၄ ဦးနှင့်  ယခုနှစ်တွင် ၈၃ ဦးပေးအပ်ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ၄၈၈ ဦးအား      လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်းနှင့်   ဆုရရှိသူများ အနက် ထူးချွန်စစ်သည်များနှင့် ဘက်စုံထူးချွန် လူငယ်များကို ၂၀၁၃  ခုနှစ်မှစတင်၍  ပြည်ပ နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ် စေလွှတ်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ ပြည်ပလေ့လာရေးခရီး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း             တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏            သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment