Wednesday, July 17, 2019

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကျင်းပ

Image may contain: 1 person, smiling



နေပြည်တော် ဇူလိုင် ၁၆


ဥပ္ပါတသ္တိ စေတီတော်မြတ်ကြီးအား (၁၁)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၁၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း ၌ ကျင်းပသည်။


အခမ်းအနားသို့ ဥပ္ပါတသန္တိတိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္တကဝိသာရ အမှူးပြုသော ဆရာ တော် သံဃာတော်များ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုရှေ့နေ ချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော် စည်ပင်သာယာရေးကော်မတီဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝတ် အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက စေတီ တော်မြတ်ကြီး လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွား ဆင်းတုတော်များနှင့် မဟာဆုတောင်းပြည့် ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပြီး ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေများ ဆက်ကပ်ပူဇော်ကြသည်။


ဆက်လက်၍ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ကျင်းပရာ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကဝိသာရထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော် များကို နားကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။


ယင်းနောက် စိုးလျှပ်စစ်ဖောင်ဒေးရှင်းမိသားစုမှ ဆောက်လုပ်လှူဒါန်း ထားသော ဓာတ်လှေကားလျှောက်လမ်း အမိုးစောင်းတန်းကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရထံမှ အနုမော ဒနာတရားနာယူကြသည်။


သတင်းစဉ်

No comments:

Post a Comment