Wednesday, June 5, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သန္ဓိစွမ်းရည်မြှင့်တင်ရေးအ¸မှသင်တန်းသား သင်တန်းသူများ လာရောက်လေ့လာ
Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇွန် ၄
သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ (Sandhi Governance Institute)မှ ဦးစီး ပြုလုပ်လျက်ရှိသည့် နိုင်ငံရေး ခေါင်းဆောင်မှု သင်တန်း အပတ်စဉ်(၅)မှ ဦးခိုင်ဝင်း ဦးဆောင်သော သင်တန်းသား သင်တန်းသူ ၂၉ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်လေ့လာကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန် ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက် ပွဲလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ နှောင်းပိုင်းကာလဟု အပိုင်းသုံးပိုင်းသတ်မှတ် ဆောင်ရွက်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သှူဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်းဖြစ်စေရေးဆိုသည့် စံငါးချက်နှင့်အညီ ဆောင်ရွက်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး အတွက် မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၂) ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ သားတိုင်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ရရှိရေးအတွက် အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင်ပါရှိမှ မဲပေး ခွင့်ရရှိမည်ဖြစ်သဖြင့် မဲစာရင်းပြည့်စုံမှန်ကန် ရေးအတွက် အလေးထားဆောင်ရွက်နေ ကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုလိုအပ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးတို့တွင် ပါဝင်ဆောင် ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူတို့က ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရပါကြောင်း၊ သို့ဖြစ် ၍ မဲဆန္ဒရှင်ပြည်သူတိုင်းက မိမိတို့ဆန္ဒနှင့် အညီ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ဆန္ဒမဲပေးရန် လိုအပ်ပါကြောင်း။
လာရောက်လေ့လာကြသော သင်တန်း သား သင်တန်းသူများအနေဖြင့်လည်း မဲဆန္ဒ ရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကော်မရှင်ရုံး၏ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုများကို အကျဉ်းချုပ်ရှင်းလင်း တင်ပြကြပြီး လာရောက်လေ့လာသူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
သတင်းစဉ်

No comments:

Post a Comment