Wednesday, June 5, 2019

ပြည်ထောင်စုအစိုးရအ¸မှ ပေးပို့သော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာ
Image may contain: 1 person, sitting and indoor
နေပြည်တော် ဇွန် ၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက် မြောက်နေ့တွင် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်အတွက် က္ဘာ့ဘဏ်၏ အပြည် ပြည်ဆိုင်ရာ ဖွံ့ ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း ၁၀ဝ ချေးငွေရယူရေးတို့ကို လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘော ထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော တရားလွှတ် တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီ ရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်Óဏစိုးက ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတ မှ သဘောထားမှတ်ချက်ပေးပို့လာသည့် အချက်နှစ်ချက် ရှိပါကြောင်း၊ တစ်ချက်မှာ တရားလွှတ်တော်ရှေ့နေများကို ရွေးကောက်တင်မြှောက်ဖွဲ့စည်းနိုင်ရန် ဖြစ်ပါကြောင်း၊ လွှတ်တော်က သုံးနှုန်းထားသည်မှာ တရားလွှတ်တော် ရှေ့နေ လုပ်သက် ၁၅ နှစ်ဟု သုံးထားပါကြောင်း၊ ၁၅ နှစ်ဟု အတိအကျသုံးထားခြင်းအားဖြင့် ဥပဒေ၏ ရေးထုံး အရလည်း ကွဲလွဲမှုရှိသကဲ့သို့ လက်တွေ့ကျင့်သုံး ဆောင် ရွက်ရသည့်အခါတွင်လည်း ၁၅နှစ်ဆိုသည့် အချိန်အတိ အကျ သတ်မှတ်မှုအစား အနည်းဆုံးလုပ်သက် ၁၅ နှစ်ရှိ သူဟု သတ်မှတ်သင့်ကြောင်း သဘောထားပေးပို့ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ယခုဥပဒေသည် ပြင်ဆင်သည့် ဥပဒေဖြစ် ပါကြောင်း၊ ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သည့် အပိုင်း များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟု ပြင်ဆင် ခဲ့သော်လည်း ဥပဒေတစ်ရပ်လုံးတွင် ပါဝင်နေသည့် အခြား သော တရားလွှတ်တော်ဆိုသည့် စကားရပ်များကို ပြင်ဆင် ရန် လိုအပ်နေပါကြောင်း၊ ဥပဒေတစ်ရပ်လုံးတွင် ပါဝင်နေ သည့် တရားလွှတ်တော်ဆိုသည့် စကားရပ်များကို ပြည် ထောင်စုတရားလွှတ်တော်ချုပ်ဟူ၍ ပြင်ဆင်ပေးရန် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ် ချက်အတိုင်း နှစ်ချက်လုံးကို ပြင်ဆင်သင့်ပါကြောင်း ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီ ခွန်မြတ်က ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအ¸မှ ပေးပို့သော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်Óဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆွေးနွေး ကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည် ပြုသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အပိုဒ်ခွဲ(က)နှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှု ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည် ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့် အတွက် အတည်ပြုကြောင်း ကြေညာသည်။
ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ
FMO နှင့် ING Bank ထံမှ ယူရို
၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မ္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် ရေပေးဝေ ရေး စီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆သန်း ချေးငွေ ရယူရေး နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ချေးငွေနှင့်ပတ် သက်၍ ရေဖြန့်ဝေရေးလုပ်ငန်းအတွက် ငွေချေးယူသော ကြောင့် လုပ်ငန်းစီမံကိန်းပြီးသည့်အချိန်မှစ၍ ရေဖြန့်ဝေ မှုမှ ဝင်ငွေပြန်ရလာနိုင်မည်ဖြစ်ပြီး ချေးငွေကို ပြန်လည် ပေးဆပ်မည်ကို သိရပါကြောင်း၊ မိမိအနေဖြင့် ရေဖြန့်ဝေ ရေးစီမံကိန်းအနေဖြင့် မည်သည့်အချိန်တွင် ဝင်ငွေစတင် ရရှိနိုင်မည်နှင့် ရရှိမည့်ဝင်ငွေ တစ်နှစ်တွင် ခန့်မှန်းမည်မျှ ရနိုင်မည်တို့ကို မေးမြန်းလိုပါကြောင်း၊ မ္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့၏ နှစ်စဉ်ဝင်ငွေအနေဖြင့် ယခု ချေးငွေအပါအဝင် ချေးငွေများ နှစ်စဉ်ပေးဆပ်ရမည့် အရင်းအတိုး ငွေပမာဏကို ပြည့်ပြည့်ဝ၀ပေးဆပ်နိုင်သည့် ဝင်ငွေ ရှိ၊ မရှိကိုလည်း လွှတ်တော်ကို ရှင်းလင်းချပြပေး ရန် အကြံပြုလိုပါကြောင်း။
နိုင်ငံခြားချေးငွေများနှင့်ပတ်သက်၍ တာဝန်ခံချေး ယူမည့်ဌာန အဖွဲ့အစည်း များအနေဖြင့် ချေးငွေ၏မူလ ရည်မှန်းချက် အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ရေး၊ ချေးငွေအပေါ် မနိုင်ဝန်ထမ်းရသည့် အနေအထား မဖြစ်စေရေး၊ ချေးငွေအပေါ် တာဝန်ယူ၊ တာဝန်ခံနိုင်ရေး၊ ပြန်ဆပ်နိုင်စွမ်းအားအခြေအနေ ကြိုတင်တွက်ချက် မှန်းဆထားနိုင်ရေး၊ နိုင်ငံအတွက် အကြွေးဝန်မပိစေရေး၊ နိုင်ငံ၏ ငွေကြေးတန်ဖိုး မတည်ငြိမ်မှု၊ နိုင်ငံတကာ၏ ငွေကြေးတန်ဖိုး ပြောင်းလဲနေမှု အနေအထားများကို အဘက်ဘက်မှ ချင့်ချိန်တွက်ချက်ပြီး နိုင်ငံနှင့် နိုင်ငံသား များအကျိုးအတွက် အလေး ထားဆောင်ရွက်ကြရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဦးမျိုးနိုင်က ယခုစီမံ ကိန်းကြောင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကိုလည်း လျော့ကျသွားစေမည် ဖြစ်ပါကြောင်း၊ လူမှုဘဝများကို လည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး ကျန်းမာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုကောင်း မွန်လာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မီးသတ်ရေငုတ် ၁၀ဝ ကျော်လည်း တပ်ဆင်သွားမည်ဖြစ်သည့်အတွက် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ် တားဆီးပြီးသား ဖြစ်သကဲ့သို့ ရပ်ကွက်နေ ပြည်သူလူထု၏ ဘေးကင်းလုံခြုံသည့်ဘဝကို လည်း ဖန်တီးပေးရာရောက်စေပါကြောင်း၊ အမရပူရမြို့နယ် အတွင်းရှိ ရေသန့်စက်ရုံ အနီးဝန်းကျင်က ကျေးရွာသုံးရွာ တွင်လည်း ရေကောင်းရေသန့်ရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူသင့်သည့်အတွက် ထောက်ခံပါ ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ အမရပူရ မဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင့်၊ ကယားပြည်နယ် မဲဆန္ဒ နယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်း အောင်စိုး၊ ချမ်းမြသာစည် မဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းလှ သိန်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၊ မ္တလေး တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၂)မှ ဦးထွန်းထွန်းဦး၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးငြိမ်းသစ်၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းနှင့် ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းတို့က ဆက်လက်ဆွေးနွေး ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင် များနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိ ကန်ဒေါ်လာ သန်း ၁၀ဝ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
ထောက်ပံ့ပေးလိုက်သည့် ငွေကြေးများသည် ကာယကံရှင်အကျိုးခံစားခွင့် ရှိသူများထံ ပြည့်ပြည့်ဝ၀ ရောက်ရှိမှု ရှိ၊ မရှိ ကွင်းဆင်း ထိတွေ့ဆောင်ရွက်ပေးစေလို
လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်က သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ထောက်ပံ့ပေးလိုက်သည့် ငွေကြေးများသည် ကာယကံရှင်အကျိုးခံစားခွင့် ရှိသူများ ထံ ပြည့်ပြည့်ဝ၀ ရောက်ရှိမှု ရှိ၊မရှိ ကွင်းဆင်းထိတွေ့ဆောင် ရွက်ပေးစေလိုပါကြောင်း၊ ထောက်ပံ့ပေးအပ်မှုအပေါ်တွင် လည်း ဒေသအခြေအနေကို အခြေခံပြီး အားသာချက်၊ အားနည်းချက်များကိုလည်း ဖော်ထုတ်ပြီး ပုံမှန်ကြီးကြပ် ခြင်းနှင့် အကဲဖြတ် ဆန်းစစ်ခြင်းများ ပြုလုပ်ပေးရန် အကြံပြုလိုပါကြောင်း၊ လုပ်ငန်းစဉ် ပိုမိုထိရောက်စေရန် အတွက် လိုအပ်ပါက ဝန်ထမ်းအင်အားတိုးချဲ့ခန့်ထားပေး ပြီး ရုံးအဆောက် အအုံများလည်း တည်ဆောက်ပေးစေလို ပါကြောင်း၊ ထို့ပြင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ဆောင်ပေးရန် လို အပ်နေသေး ပါကြောင်း၊ လူမှုစီးပွားအခြေအနေများ ဖွံ့ဖြိုး တိုးတက်ရန် များစွာလိုအပ်နေသေးသည့် မိမိတို့ နာဂ ဒေသကဲ့သို့သော ဒေသများတွင် ဖြစ်နိုင်ပါက ကျောင်း၊ အာဟာရထောက်ပံ့ပေးသည့် အစီအစဉ်များကိုလည်း သီးခြားရေတိုစီမံချက် ချမှတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်း များ၊ INGO, NGO များနှင့် ချိတ်ဆက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးသင့်ပါကြောင်းနှင့် ချေးငွေ ရယူခြင်းကို ထောက်ခံပါကြောင်း အကြံပြုဆွေးနွေးသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြည်က နိုင်ငံတော်အနေဖြင့် ယခု လူမှုကာကွယ်ရေးလုပ်ငန်းများသည် ကောင်းမွန် သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အစိုးရမှ ပြည်သူများအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်၍ ယခုတစ်နှစ်တည်း ပြီးဆုံးမည်မဟုတ်သောကြောင့် နောင်နှစ်များ တွင်လည်း ဆက်ပေးမည်ဆိုပါက ငွေပိုငွေလျှံရှိ၍ ပေးပါက ပြဿနာ မဟုတ်သော်လည်း ချေးငွေဖြစ်နေသည့်အတွက် စဉ်းစား တွေးခေါ်ဆောင်ရွက်သင့်ပါကြောင်း။
နိုင်ငံခြားအကူအညီအထောက်အပံ့ ချေးငွေတို့နှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မျှော်မှန်းချက်တွင် ဖွံ့ဖြိုးမှု အကူအညီများကို နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝ များအတွက် အများဆုံးအကျိုးဖြစ်ထွန်းမည့်ကဏ္ဍများ တွင် ဦးစားပေးဆောင်ရွက်ရေးပင်ဖြစ်သည်ဟု ဖော်ပြ ထားသောကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြား အကူအညီအထောက်အပံ့များဖြင့် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်သောအကူအညီ ဖြစ် စေရေးသည် အလွန်အရေးကြီးပါကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေကို တောင့်တင်း ခိုင်မာစေပြီး ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ပီပြင် စွာကျင့်သုံးဆောင်ရွက်နိုင်စေရန် ရည်မှန်းချက်ထား၍ အစိုးရအဖွဲ့အစည်းများ၏ ြွေကးမြီကိစ္စများ စီမံခန့်ခွဲခြင်းကို အရေးကြီး၊ ဦးစားပေး၊ အလျင်လို စသည့်အဆင့်များ သတ်မှတ်ကာ အထူးသတိထား၍ ဆောင်ရွက်သင့်ပါ ကြောင်း ဆွေးနွေးသည်။
အဆိုပါ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သ္တာ၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ လယ်ဝေးမဲဆန္ဒ နယ်မှ ဦးမျိုးဇော်ဦး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်ငွေ၊ ညောင်ဦးမဲဆန္ဒနယ်မှ ဦးစော၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦကျော်သောင်းနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့က ဆက်လက် ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောသန်းထွဋ်က ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံ စာ (၉/၂၀၁၉)ကို ဖတ်ကြားတင်ပြရာတွင် နိုင်ငံပိုင် တည်ဆောက်ရေးလုပ်ငန်းများကို ပွင့်လင်းရာသီ တစ်လျှောက် တစ်ဆက်တစ်စပ်တည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် ဘဏ္ဍာနှစ်ကို ပြောင်းလဲသတ်မှတ်ခဲ့ သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့် တင်ဒါလုပ်ထုံး လုပ်နည်းများ ဌာနတွင်းလိုက်ပါလုပ်ဆောင်နိုင်မှုအား နည်းမှုများကြောင့် တည်ဆောက်ရေးလုပ်ငန်း အများစုကို လုပ်ငန်းမစတင်နိုင်မှုများအား သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် လေ့လာသုံးသပ်လျက် ပြန်လည်ပြင်ဆင် ဆောင် ရွက်သင့်သည်ကို သဘောထား မှတ်ချက်ပြုပါကြောင်း။
အမျိုးသားစီမံကိန်းအစီရင်ခံစာပါ လုပ်ငန်းစီမံကိန်း (Project)) များ အကောင် အထည်ဖော်နိုင်မှု အခြေအနေ များကို ဖော်ပြရာ၌ ငွေကြေးတန်ဖိုးအားဖြင့် ဖော်ပြသည့် အပြင် လုပ်ဆောင်မည့်လုပ်ငန်းရပ်များအလိုက်၊ မည်သည့် အတိုင်းအတာအထိ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း တိကျစွာ ဖော်ပြသင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း။
ဆောက်လုပ်မှုကဏ္ဍတွင် ရုံး၊ ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ ဆိပ်ကမ်း၊ ဆည်မြောင်း၊ မဟာဓာတ်အားလိုင်း စသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ (Public Utilities) ကို ပိုမိုဦးစားပေး ဆောက်လုပ်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်သင့်သည်ကို သဘောထား မှတ်ချက်ပြုပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းအချို့၏ သာမန် စာရင်းလိုငွေဖြစ်ပေါ်နေမှုကို ဖြေရှင်း နိုင်ရေးအတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်သင့် သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် MSME နှင့် SME များ လိုအပ်သည့် လုပ်ငန်းသုံးချေးငွေများ လွယ်ကူစွာ ရရှိစေ နိုင်ရေးနှင့် ချေးငွေများ ပိုမိုရရှိနိုင်စေရေးတို့အတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်သင့်သည်ကို သဘော ထားမှတ်ချက်ပြုပါကြောင်း။
Ease of Doing Business ညွှန်းကိန်းအဆင့်တိုးတက်ကောင်းမွန်လာရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကာ အကြံ ဉာဏ်များရယူခြင်း၊ ပြည်ပနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာခြင်းတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့မှပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်း ပထမ(၆)လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၉/၂၀၁၉) အား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄(က)၊ (ခ)၊ (ဂ)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ အစီရင်ခံတင်ပြရင်း အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးစဉ်းစားပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးကျော်တင့်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၁၀/၂၀၁၉) ကိုဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ဇွန် ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment