Wednesday, June 5, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ Charles University ၌ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ
Image may contain: 1 person, standing and indoor
မြန်မာ-ချက် နှစ်နိုင်ငံစီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကား ပြောကြား
---------------------------------------------
ပရာ့ဂ် (ချက်) ဇွန် ၄
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန် ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ပရာ့ဂ်မြို့ရှိ Charles University သို့ရောက်ရှိရာ ပါမောက္ခချုပ် Dr. Tomas Zima နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပါမောက္ခချုပ်က ဃ့မေူနျ ့ညငလနမျငအပ အတွင်း လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အတွေ့အကြုံနှင့်ပတ်သက်သည့် ဟောပြောပို့ချမှု အစီအစဉ်ကို ကျင်းပရာ ပါမောက္ခချုပ်က အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူ များအား "ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် ဟောပြော ပို့ချသည်။
ပြင်ဆင်ရေးဆွဲ
ထိုသို့ ဟောပြောပို့ချရာတွင် မြန်မာနိုင်ငံနှင့် ချက်ကို ဆလိုဗေးကီးယားနိုင်ငံတို့အကြား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် စတင်သည့်ကာလမှာ တစ်နှစ်သာ ကွာခြား သော်လည်း ချက်ကိုဆလိုဗေးကီးယားနိုင်ငံတွင် သွေးထွက်သံယိုမှုမရှိဘဲ နူးညံ့သိမ်မွေ့စွာ ကူးပြောင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က ပြုပြင်ပြောင်းလဲရန် ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုများသည် ချက်သမ္မတ နိုင်ငံ၏ ကတ္တီပါတော်လှန်ရေးကဲ့သို့ နူးညံ့သိမ်မွေ့မှု မရှိခဲ့ ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် အများစုအနိုင်ရရှိကာ အစိုးရဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းများ ဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
တာဝန်ယူဖြေရှင်း
အလားတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်အတွက် (၂၁)ရာစု ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်း စဉ်များကို ကျင်းပလျက်ရှိကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တာဝန်ယူခဲ့ပြီးနောက် အစိုးရအနေဖြင့် ဆက်ခံတာဝန်ယူဖြေရှင်းနေရသည့် အခက်အခဲမှာ ရခိုင် အရေးကိစ္စဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းပါးဆုံး ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အသိုက်အဝန်းနှစ်ရပ် အကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတကာက အာရုံစိုက်လာကြကြောင်း၊ ပြဿနာ၏ အခြေခံအရင်း အမြစ်ကို အလေးထားပြီး ဖြေရှင်းနိုင်ရေးအတွက် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဒေသတွင် ငြိမ်းချမ်း ရေးနှင့် သဟဇာတဖြစ်မှုကို ထိခိုက်စေမည့် ကိစ္စရပ်များအား အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင်သည့် ကော်မရှင်ထံမှ လည်း အကြံပြုချက်တောင်းခံခဲ့ကြောင်း။
ရာစုနှစ်ဝက်ကျော်ကြာ
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဗျွှဗ အကြမ်းဖက်အဖွဲ့အစည်းမှ နယ်စပ်ဒေသရှိ ရဲစခန်းများ အား ဝင်ရောက်တိုက်ခိုက်မှုနှင့် တပ်မတော်၏ ပြန်လည် တုံ့ပြန်မှုများမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဖြစ်ရပ် များကြောင့် ရခိုင်ပြည်နယ်သည် နိုင်ငံတကာ၏ အာရုံ စိုက်ရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကိစ္စရပ်ဖြစ်လာ ခဲ့ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ရခိုင်အရေးကိစ္စတို့မှာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအချို့ သာဖြစ်သော်လည်း နိုင်ငံတကာက အာရုံစိုက်ပြီး အလေး ပေးဖော်ပြခံနေရကြောင်း၊ သို့ရာတွင် အသွင်ကူးပြောင်းမှု မှ မြန်မာပြည်သူများ ရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒများကိုမူ အလေးထားမှု၊ စိတ်ဝင်စားမှု အလွန်နည်းပါးကြကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်များမှာ ရေရရှိရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်ရေး၊ ကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုရရှိရေးတို့ဖြစ်ကြောင်း၊ ယင်းအခြေခံ လိုအပ်ချက်များမှာ နိုင်ငံတကာမှ စိတ်ဝင်စားမှုကို မရရှိ သည့် သာမန်ကိစ္စရပ်များသာဖြစ်သော်လည်း မြန်မာနိုင်ငံ အတွက်မူ အရေးကြီးသည့် ကိစ္စရပ်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့သည် တူညီသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကြောင့် နှစ်နိုင်ငံအကြား အပြန် အလှန်နား လည်မှုများရှိကြသည့် နိုင်ငံများဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြား သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား Charles Universityပါမောက္ခချုပ်က Historical Medal Charles University ဆုတံဆိပ်ကို ဂုဏ်ပြု ပေးအပ်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Charles University ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံမှ ချက်သမ္မတနိုင်ငံ တွင် လာရောက် ပညာသင်ကြားနေကြသည့် မြန်မာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီး နှီးနှုတ်ဆက် ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
Charles University ကို ၁၃၄၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥရောပအ လယ်ပိုင်းတွင် ပထမဆုံး ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင် နိ်ုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Jan Hornik က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ညစာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က အထက်လွှတ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Tomas Petricek က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်သည်။
နှစ်ဖက်ထိတွေ့ဆက်ဆံ
အလုပ်သဘော နံနက်စာစားပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အကြားဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နှစ်ဖက်ထိတွေ့ ဆက်ဆံမှုကို
တိုးမြှင့်သွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အတွေ့အကြုံများ အပြန်အလှန်မျှဝေသွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ်နှင့်အတူ ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ-ချက် နှစ်နိုင်ငံစီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။
အမှာစကားပြောကြား
ဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြား သည်။
စီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဦးသောင်းထွန်း၊ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၊ ချက်သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
သံရုံးဖွင့်ပွဲသို့ တက်ရောက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲသို့ တက်ရောက်သည်။
သံရုံးဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်နိုင်ငံခြားရေး ဝန်ကြီး Mr. Tomas Petricek တို့က သံရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သံရုံးကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး Mr. Tomas Petricek တို့သည် အမှာစကားပြောကြားကြပြီး သံရုံးဖွင့်ပွဲသို့ တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သံရုံးအတွင်း လိုက်လံ ကြည့်ရှုပြီး မြန်မာနိုင်ငံမှ ချက်နိုင်ငံ၌ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်း သူများ၊ ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ သံရုံးမိသားစုဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ အောက်လွှတ် တော်ဥက္ကဋ္ဌ Mr. Radek Vondracek က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment