Wednesday, June 26, 2019

ကနေဒါနိုင်ငံ Canada day အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

Image may contain: 3 people, people smiling



ရန်ကုန် ဇွန် ၂၅

ကနေဒါနိုင်ငံ၏ Canada day အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကနေဒါ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Ms.Karen Macarthur နှင့် ပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်တို့က နှုတ်ခွန်းဆက် စကား ပြောကြားကြပြီး ကနေဒါနိုင်ငံ၏ Canada day အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ သံအမတ်ကြီးတို့က တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂ ဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

သတင်းစဉ်

No comments:

Post a Comment