Wednesday, June 26, 2019

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ဧည့်သည်များအား လက်ခံတွေ့ဆုံ




နေပြည်တော် ဇွန် ၂၅


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် တပ်မတော်၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ဆွေးနွေးဆောင်ရွက်မှု၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ် ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


အလားတူ မွန်းလွဲပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန လူသားလုံခြုံရေး ဌာန အကြီးတန်းစေ့စပ်ညှိနှိုင်းရေးမှူး Dr Julian Thomas Hottingerနှင့်အဖွဲ့ အား တွေ့ဆုံပြီး တပ်မတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment