Saturday, June 22, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Image may contain: 5 people, people smiling, people standing

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ထွက်ခွာသွားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ လိုက်ပါသွားကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwan ၊ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ၌ ကြိုတင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ၊ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Okura Prestige Hotel သို့ရောက်ရှိကြသည်။

သတင်းစဉ်

No comments:

Post a Comment