Friday, June 28, 2019

အောင်ဆန်းမြို့၌ ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၂ ဒသမ ၇၂၆ ဘီလီယံ အကူအညီပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

Image may contain: 4 people, people sitting and indoor


နေပြည်တော် ဇွန် ၂၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် အောင်ဆန်းမြို့၌ ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေးစီမံချက်အတွက် ဂျပန်ယန်း ၂ ဒသမ ၇၂၆ ဘီလီယံ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးMr. Ichiro Maruyama တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။


အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment