Thursday, June 20, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်

Image may contain: 18 people, people smiling, people sitting, food and indoor


နေပြည်တော် ဇွန် ၁၉


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့သည် ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I–12) ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့မင်္ဂလာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ၎င်းတို့၏ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် (၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနား ကျင်းပမည့် လွှတ်တော်ရေးရာဆောင် (I–12) သို့ ရောက်ရှိရာ တက်ရောက်လာကြသူ များက ကြိုဆိုနှုတ်ဆက်ကြပြီး မွေးနေ့ ဆုတောင်းပေးကြသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၎င်း၏ (၇၄)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားပြီး မွေးနေ့မင်္ဂလာကိတ်မုန့် များကို လှီးဖြတ်ကာ ဝေငှခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူ များအား နေ့လယ်စာ ကျွေးမွေးခြင်း၊ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ချိုးငှက်များလွှတ်ခြင်း စသည့် အလှူဒါန များ ပြုလုပ်သည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ၎င်း၏ (၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားများ ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန များသို့ သွားရောက်၍ မွေးနေ့အထိမ်း အမှတ် ကိတ်မုန့်များကို ဝေငှကျွေးမွေး ခြင်းနှင့် မွေးနေ့အထိမ်းအမှတ် ဆုမွန် ကောင်းတောင်းခြင်းများ ပြုလုပ်သည်။


သတင်းစဉ်

No comments:

Post a Comment