Thursday, June 20, 2019

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 8 people, people sitting, table and indoor 


နေပြည်တော် ဇွန် ၁၉

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စ၊ အာမခံလုပ်ငန်းဆိုင်ရာကိစ္စ၊ ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment