Tuesday, June 25, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ''အေးမေတ္တာစံ''တောင်နီလေးဆရာတော် ဘဒ္ဒန္တ စန္ဒိမာ၏ မွေးနေ့တွင် ထာ၀ရငြိမ်းချမ်းရေးစေတီတော်အတွက် ငွေကျပ်ကျပ်သိန်း ၁၀၀၀ လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညို

Image may contain: 2 people, people standing


နေပြည်တော် ဇွန် ၂၄


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ ''အေးမေတ္တာစံ''တောင်နီလေး ပရဟိတကျောင်းတိုက်၌ ကျင်းပသည့် ''အေးမေတ္တာစံ''တောင်နီ လေး ပရဟိတကျောင်းတိုက် ပဓာနနာယ က ဆရာတော်ဘဒ္ဒန္တ တစန္ဒိမာ၏ ဝိဇာတ မွေးနေ့မင်္ဂလာတွင် ထာ၀ရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်ကျပ် သိန်း ၁၀၀၀ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။


အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်း တိုက် ပဓာနနာယက ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္တသာသနနှင့် နေပြည် တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္တအာဒိစ္စဝံသ အမှူးပြုသော
ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


ပရိတ်တရားတော် နာယူ

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ နှင့် ဇနီး၊ ဧည့်ပရိသတ်များက ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သာသနထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တ သုတ် ပရိတ်တရားတော်တို့ကို နာယူ ကြသည်။


ဆက်ကပ်လှူဒါန်း

နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့် ပရိသတ်များက အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာ တော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ဆက်ကပ်

ထို့နောက် ''အေးမေတ္တာစံ'' တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ တစန္ဒိ မာက ထာ၀ရငြိမ်းချမ်းရေးစေတီတော် မြတ်ကြီးအတွက် ငွေကျပ်ကျပ်သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်သမ္မတ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်သည်။


လွှဲပြောင်းပေးအပ်

နိုင်ငံတော်သမ္မတက ထာ၀ရ ငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး အတွက် ငွေကျပ်ကျပ်သိန်း ၁၀၀၀ ကို ထာ၀ရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက် ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းထံ လွှဲပြောင်း ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ အာဒိစ္စဝံသထံမှ အနုမော ဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


နေ့ဆွမ်းဆက်ကပ်

အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

သတင်းစဉ်

No comments:

Post a Comment