Wednesday, June 19, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Image may contain: 5 people, people sitting, table and indoor




ရန်ကုန် ဇွန် ၁၈

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။


တက်ရောက်

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူ ပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အဖွဲ့ဝင်များဖြစ်ကြ သော ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် အုန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း)ဦးညီလှငယ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့ တက်ရောက်ကြသည်။


အကြံပြု အကြောင်းအရာ ကြားနာရန်

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူ ပြု ကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယနေ့ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့် မြန်မာနိုင်ငံပြည်တွင်း စစ်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ ဆွေးနွေးတင်ပြအကြံပြု မည့်အကြောင်းအရာများကို မိမိတို့ ကော်မတီအနေဖြင့် ကြားနာရန်ဖြစ်ပါ ကြောင်း။


အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြမည်

မိမိတို့ကော်မတီသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် ပတ်သက်၍သော်လည်း ကောင်း၊ ရခိုင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍သော်လည်း ကောင်း အပြီးသတ်အစီရင်ခံစာရေးသား သည့် အခါတွင် ရေတို၊ ရေရှည်ကာလများ တွင် လုပ်သင့်လုပ်ထိုက်သည့် အချက် အလက်များကို အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ အကြံပြုသည့်အပေါ်တွင် ရယူ၍ အပြီးသတ် အစီရင်ခံစာတွင် ထည့်သွင်းရေးသား ဖော်ပြသွားမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယနေ့တွေ့ဆုံပွဲတွင် ဆွေးနွေးအကြံပြုချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြပေးစေလို ကြောင်း ပြောကြားသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအသီးသီးမှ ပညာရှင် များဖြစ်ကြသည့် မြန်မာလေ့လာရေးအဖွဲ့ အကြီးတန်းသုတေသနမှူး ဦးအေးမောင် ကျော်၊ စာရေးဆရာ ဦးသန်းစိုးနိုင်၊ စာရေး ဆရာ ဦးကျော်ဝင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -U) ရုံး၏ အလုပ်အမှုဆောင်òန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့က ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများ၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ရေတို ၊ ရေရှည် ဆောင်ရွက် သင့်သည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးကြပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် ကော်မတီဝင်များက လက်ရှိဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအခြေအနေများ နှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေး ကြသည်။


အကြံပြုချက်ကောင်းများ ရရှိခဲ့

ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူ ပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြောစရာ ၊ ဆွေးနွေးစရာ၊ အကြံပြုစရာ များ များစွာရှိမည်ကို သိရှိပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ် များ၏ ဆွေးနွေးချက်များသည် မိမိတို့ ကော်မတီအတွက် များစွာအကျိုးရှိပြီး အထောက်အကူပြုပါကြောင်း၊ ဆွေးနွေး အကြံပြုချက်ကောင်းများ ရရှိခဲ့ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment