Wednesday, June 19, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံစုံညီအစည်းအဝေးတွင် အမှာစကားပြောကြား

Image may contain: 4 people, indoor


နေပြည်တော် ဇွန် ၁၈

(၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက် အအုံ၌ ဇွန် ၁၀ ရက် မှ ၂၁ ရက်ထိ ကျင်းပလျက်ရှိရာ ပြည်‌ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇွန် ၁၂ ရက် တွင် ညီလာခံအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


ရှင်းလင်းဆွေးနွေး

ILO ရုံးချုပ်၌ ဇွန် ၁၃ ရက် နံနက်ပိုင်းက ကျင်းပသည့် Committee on the Application of Standards အစည်းအဝေးတွင် Forced Labour Convention, 1930(No.29) လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်၍ မြန်မာ အစိုးရ၏ ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြည်ထောင်စု ဝန်ကြီးနှင့် ဂျီနီဗာရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ရှင်းလင်းဆွေးနွေးတင်ပြခဲ့ ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ညီလာခံစုံညီအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား ခဲ့ရာILO သည် ရာစုနှစ်တစ်ခုကြာ အရှည်တည်တံ့ပြီး စဉ်ဆက် မပြတ် အစဉ်ဖွံ့ဖြိုးတိုးတက်စေရန် စံနမူနာပြ စနစ်တကျလည်ပတ် ဆောင်ရွက်နိုင်မှု၊ က္ဘာတစ်ဝန်းလွှမ်းခြုံနိုင်မှု၊ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နိုင်မှုစသော သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်၍ ILO ကို ဦးဆောင်ဦးရွက်ပြုနေသော ညွှန်ကြားရေးမှူးချုပ် Mr.Guy Ryder အပါအဝင်ILO ကို စတင်သန္ဓေတည်ခဲ့ သူများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဟန်ချက်ညီစွာ ပါဝင်ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များ အားလုံးကို လှိုက်လှိုက် လှဲလှဲ ဂုဏ်ပြုပါကြောင်း။


ဥပဒေများဖြင့်စည်းကြပ်

ILO အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များပါဝင် သော Global Commission on Future of Work၏ ကြိုးပမ်းအားထုတ်မှုဖြင့် ရာပြည့်နှစ်အထိမ်းအမှတ် သမိုင်းဝင် အစီရင်ခံစာ Work for a Brighter Future ထုတ်ပြန်နိုင်ခဲ့ မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အဖွဲ့ဝင်နိုင်ငံတိုင်းက မိမိတို့နိုင်ငံ အခြေအနေပေါ်မူတည်၍ အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ရန် ကော်မရှင်က တိုက်တွန်းထား ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အလုပ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘ၀တိုးတက်လာစေရန်နှင့် Future of Workမု ၏ ရည်မှန်းချက်ဖြစ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးခြင်း ယဉ်ကျေးမှုတိုးတက်လာစေရန် ဦးစားပေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံ များနှင့်အညီ ဖြစ်ပေါ်လာစေရန်၊ လူမှုရေးဆွေးနွေးမှုစည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံသည့် အလုပ်သမားဥပဒေ မူဘောင် ပေါ်ပေါက်လာစေရန်၊ ဥပဒေလိုက်နာကျင့်သုံးမှုမြှင့်တင် ပြီး အလုပ်သမားရေးရာဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် လုပ်ငန်းခွင်ဆက်ဆံရေးအတွက် သုံးပွင့်ဆိုင်အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေး Myanmar Labour Market Governance Programmeရေးဆွဲဆောင်ရွက်နေကြောင်း၊ အလုပ်သမားများ၏အခွင့်အရေးများကို အကာအကွယ်ပေးရန် တည်ဆဲအလုပ်သမား ဥပဒေများဖြင့် စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းဆုံးအခကြေးငွေကို အလုပ်သမားနှင့် မိသားစုများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်သမားများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက် ရေးရည်ရွယ်၍ ဒုတိယအကြိမ် ပြင်ဆင်တိုးမြှင့်သတ်မှတ်နိုင်ခဲ့ ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု တိုးတက်လာစေရန် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား များ စီမံခန့်ခွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ် စီမံကိန်း (၂၀၁၈-၂၀၂၂) ကို စနစ်တကျရေးဆွဲချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ဘေးအ္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ အသစ်ကို ၂၀၁၉ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။


ကျွမ်းကျင်မှုမြှင့်တင်

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုလိုအပ်ချက်များ၊ လျင်မြန်စွာ ပြောင်းလဲနေသောနည်းပညာအသစ်များနှင့် သဟဇာတဖြစ် စေရန် မြန်မာနိုင်ငံအမျိုးသားအဆင့် အရည်အသွေးမူဘောင်ကို အပြီးသတ်ရေးဆွဲနေပြီး National Skills Standard Authority (NSSA) က အလုပ်သမားများ ကျွမ်းကျင်မှု မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။


သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ် (DWCP) ) (၂၀၁၈-၂၀၂၁) ကို အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ILO တို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် MoU လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ILO ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးမှုများအတွက် ကျေးဇူးတင် ကြောင်း။

စိန်ခေါ်မှုများကျော်လွှား

ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံ၏ကတိကဝတ်ပြုမှုကိုပြသမှုအဖြစ် ILO ၏ အဓိကပြဋ္ဌာန်းချက် များအနက် တစ်ခုဖြစ်သောအနိမ့်ဆုံး အသက်သတ်မှတ်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်- ၁၃၈ လက်ခံကျင့်သုံးနိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ နည်းကျ ရွေးချယ်ခံအရပ်သားအစိုးရအနေဖြင့် အာဏာရှင် စနစ်မှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ ကူးပြောင်းနေ ကြောင်း၊ ဒီမိုကရေစီအခြေတည်စ မြန်မာနိုင်ငံအနေဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ မည်သို့ပင်ဖြစ်စေ အဓမ္မခိုင်းစေမှုပပျောက်ရေးဆောင်ရွက်ချက်များအပါအဝင် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် မဆုတ်မနစ် ဆောင်ရွက်နေကြောင်း။


ပံ့ပိုးကူညီပေးစေလို

ILO အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ILO  ၊ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Future of Work ထိရောက်စွာ အ‌ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ILO အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများက မြန်မာနိုင်ငံကို နည်းပညာအကူအညီသာမက လိုအပ်သည့် အကူအညီများပါ အတတ်နိုင်ဆုံးပံ့ပိုးကူညီပေး စေလိုကြောင်း ပြောကြားသည်။


သတင်းစဉ်

No comments:

Post a Comment