Sunday, June 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ



Image may contain: 2 people, people sitting, table and indoor
ရန်ကုန်     ဇွန်     ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌   မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ  တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြား သည်။

ရှင်းလင်းတင်ပြ

ထို့နောက်   မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အမှုဆောင်အဖွဲ့မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အကြံပေးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံဂီတအစည်းအရုံး ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း စည်းကမ်းရေးဆွဲထားရှိမှု၊ ဂီတလောကတွင် မျိုးဆက်ကွာဟပြတ်တောက်မှု အနေအထားနှင့်အတူ ယခုအခါ ယင်းကဲ့သို့မဖြစ်စေရန် အလွှာအသီးသီးနှင့် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်    ပြည်ထောင်စုဝန်ကြီးက    ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့သည်။   

သတင်းစဉ်

No comments:

Post a Comment