Sunday, June 30, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေ ၃၁ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၄၉၀)ဘီလီယံအထိရရှိ ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ (သုည ဒသမ ၄၆၄)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့


Image may contain: 10 people, people sitting, table and indoor

ရန်ကုန် ဇွန် ၂၉


မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၈)ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။


ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။


အခက်အခဲများ ဖြေရှင်းပေး

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက် စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ဖွဲ့စည်း ပြီးနောက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် များ၏ အခက်အခဲများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံး၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာ ယခု တွေ့ဆုံပွဲသည် (၂၈)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂၇)ကြိမ် မြောက်တွေ့ဆုံ ဆွေးနွေးပွဲအထိ စီးပွား ရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် စုစုပေါင်း ၃၄၉ ချက် ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင် ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါ ပြန်ကြားချက်များတွင် လုံး၀ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင် ခဲ့သည်များရှိသကဲ့သို့ အချို့အချက်များ သည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက် ပေးရမည့်လုပ်ငန်းများ ဖြစ်ပါကြောင်း။


ပြီးပြတ်သည်အထိ ဆောင်ရွက်ပေး

တချို့ဆက်လက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို လည်း လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialo-gue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။


နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့် နေရာ တွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီး သောအခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ် ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေ ၃၁ ရက်အထိ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၄၉၀) ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (သုည ဒသမ ၄၆၄)ဘီလီယံ ပိုမိုဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၅၀၁)ဘီလီယံပါဝင်သည့်အတွက် ၈၃ ရာခိုင် နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရ ပါကြောင်း။


ဆုငွေချီးမြှင့်မှုများ တိုးမြှင့်ထား

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သည့်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကိုးခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့များဖွဲ့စည်း ပြီး ဖမ်းဆီးအရေးယူလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလအထိ ဖမ်းဆီးအရေးယူ မှု ၅၉၄ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ်ကျပ် (၁၀ ဒသမ ၃၇၁) ဘီလီယံ ဖမ်းဆီးနိုင် ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လည်း တရားမဝင်ကုန်စ္စည်းများ ကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ စခန်းများမှ ဖမ်းဆီး ကုန်ပစ္စည်းများကို ပြည်သှူဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ထုခွဲရောင်းချရရှိ ငွေ အပေါ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံ ငွေသို့ ၅၀ ရာခိုင်နှုန်း၊ သတင်းပေးသူအား ၂၀ ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့်အဖွဲ့ အစည်းများအား ၃၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများအနေဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ၃၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေသို့ ၂၀ ရာခိုင်နှုန်း၊ သတင်းပေးသူ အား ၂၀ ရာခိုင်နှုန်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းများအား ၃၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း ဆုငွေချီးမြှင့်မှုများကို ခေတ်နှင့်လျော်ညီစွာ တိုးမြှင့်ထား ပါကြောင်း။


ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ရေရှည်တည်တံ့ပြီး တိုးတက်ရန် ဆိုလျှင် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပ ဈေးကွက်များသို့ပါ ဈေးကွက် အသစ်ရှာဖွေရန် လိုပါကြောင်း၊ Iညအနမ-ညအေငသညalငဖန လုပ်ရန် လိုပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် အခြားနိုင်ငံ များက လာရောက်ရင်းနှီးမြှုပ်နှံခြင်း များရှိပြီး မိမိလုပ်ငန်းရှင်များအနေဖြင့် လည်း အခြားနိုင်ငံများကို သွားရောက် လုပ်ကိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယ နိုင်ငံစသည့် နိုင်ငံကိုးနိုင်ငံတွင် စီးပွားရေး သံမှူးများကို စေလွှတ်တာဝန်ပေးအပ် ထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေး သံမှူးများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်သလို သတင်းအချက်အလက်များ ရယူလိုပါကလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်ဆင့်ဆက်သွယ်ရယူနိုင်ပါကြောင်း။


မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင် တိုးတက်နိုင်မည်ဟု ကမ္ဘာ့ ဘဏ် နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်း ထားသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက် ကနေ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကို ဖိတ်ခေါ်ရန် ကြိုးစားနေသကဲ့ သို့ ပြည်တွင်းလုပ်ငန်းရှင်များအတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစေ ရေးကို ဦးတည်ချက်ထားကာ ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ အစိုးရ၏ ဝန်ဆောင်မှုများကို အများပြည်သူများ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် တို့အတွက် အားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။


အခက်အခဲများ ဆွေးနွေးတင်ပြ

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး မည့် အသင်းအဖွဲ့များအနေဖြင့်ဆွေးနွေး မည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက် လာကြသည့်အတွက်မိမိတို့ အသင်းအဖွဲ့ များ၏ တွေ့ကြုံနေရသော အခက်အခဲ များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြ ကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က လက်ရှိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေ များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ကုန် များ ပိုမိုတင်ပို့နိုင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် စီးပွားရေးဝန်းကျင်ကောင်း များ ဖန်တီးပေးမှု အခြေအနေ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ထုတ်ချေးထားရှိမှု အခြေ အနေ၊ Project Bank ဆိုင်ရာလုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် Public Private Partnership Center (PPPCenter) ဖွင့်လှစ်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းက ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိသည့် စီးပွားရေးဝန်းကျင်ကောင်း များကို ဖန်တီးပေးနိုင်ရန်အတွက် Cor-porate Governance စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍများ တိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်နှင့် အထွေထွေ အတွင်း ရေးမှူး ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင် များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်ခိုင်၊ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်း အောင်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက် အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။


ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်


No comments:

Post a Comment