Wednesday, June 19, 2019

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် တတိယအကြိမ်ပုံမှန်အစည်းအဝေး ကျင်းပ

Image may contain: 1 person, sitting, table and indoor



နေပြည်တော် ဇွန် ၁၈

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


နည်းလမ်းပေါင်းစုံ အသုံးပြု

အစည်းအဝေးတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကော်မရှင်အနေဖြင့် အကောင် အထည်ဖော်ရန် ကဏ္ဍများစွာရှိနေ ကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာ ပေးခြင်းများကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဥပဒေချိုးဖောက်မှုများကိုလည်း ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားသည်။


အစီအစဉ်ချမှတ်

အစည်းအဝေးတွင် ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီး ခဲ့မှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အထူးသဖြင့် ယှဉ်ပြိုင်မှုဥပဒေ လေးစားလိုက်နာမှု မြှင့်တင်ရန်အတွက် အစီအစဉ်ချမှတ် ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းခဲ့ ကြသည်။


တက်ရောက်

အဆိုပါအစည်းအဝေးသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment