Saturday, May 25, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 5 people, people sitting


နေပြည်တော် မေ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံရှိ စာပေ၊ ယဉ်ကျေးမှုနှင့် သုတေသန အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများ၊ နှစ်နိုင်ငံအကြား အဆိုပါ အဖွဲ့ အစည်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment