Sunday, May 19, 2019

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး လက်မှတ်ရေးထိုး


Image may contain: 4 people, people smiling, people sitting, table and indoor 


နေပြည်တော် မေ ၁၈


မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင် ရေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်သည့် LOI (Letter of Intent) ကို မေ ၁၅ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်သွင်နှင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ် Space Mission Centerမှ ညွှန် ကြားရေးမှူး ပါမောက္ခ ယူကီဟီရို တာကာဟာရှီတို့က LOI လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment