Saturday, May 18, 2019

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ






နေပြည်တော် မေ ၁၇

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/ ၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရုပ်မြင်သံကြား နှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ယခုအချိန် တွင် ပုံနှိပ်ရုပ်မြင်ရေဒီယို စသည့်မီဒီယာ လုပ်ငန်းများအားလုံးသည် စီးပွားရေးအရ ရုန်းကန်နေရသည်ကို အသိအမှတ်ပြု ပါကြောင်း၊ ဒီမိုကရေစီ ရင့်သန်လာသည် နှင့်အမျှ ပုဂ္ဂလိကပိုင် မီဒီယာများ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာရမည်ဟု ခံယူထားပါကြောင်း၊ အခက်အခဲများကို ညှိနှိုင်းဆွေးနွေး ပူးပေါင်းဖြေရှင်း သွားနိုင်ရန်အတွက် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါကြောင်း ပြောကြား သည်။

ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရှေ့ဆက်လက် ဆောင်ရွက်မည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်မှုဌာနခွဲ၊ စီမံခန့်ခွဲ ရေးဌာနခွဲနှင့် အစည်းအဝေး တက်ရောက် လာကြသည့် FM ပုဂံ၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ Forever Group Co.,Ltd. ၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊Family Enter-tainment Group ၊ Mizzima Media Company Limited ၊ DVB Multimedia Group Company Limited ၊ Fortune Broadcasting Company Limited၊ KMA Tele Media Holdings Company Limited ၊ My Multi Media Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့နေရသည့် စက်မှုပိုင်း ဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ကို ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းခဲ့ကြ သည်။

သတင်းစဉ်

No comments:

Post a Comment