Saturday, May 18, 2019

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များဆိုင်ရာ သုတေသနလုပ်ငန်းအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ




နေပြည်တော် မေ ၁၇
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန် သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များဆိုင်ရာ သုတေသနလုပ်ငန်း အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော် Horizon Lake View Hotel ၌ ယနေ့နံနက်ပိုင်းက ကျင်းပ သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အကြမ်းဖက်မှုများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အလေးထားဆောင်ရွက်ရန် လိုအပ်သဖြင့် အာဆီယံဒေသတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစီမံချက်တွင်လည်း ပူးပေါင်း ဆောင်ရွက်နေသလို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို အရေးယူ နိုင်မည့် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရန် အမျိုးသမီးအခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် Help Line/ Hot Line ဖုန်းနံပါတ် များကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင် တည်ထောင်ထားပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း။
အထူးသဖြင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက တိုင်ကြားလာသော လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ မုဒိမ်းမှု၊ လူကုန်ကူးမှု၊ အိမ်တွင်းအကြမ်း ဖက်မှုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းကာ ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အကြမ်း ဖက်ခံရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် နားခိုရာ နေရာများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် One Stop Women Support Center (OSWSC) များကို ရန်ကုန်မြို့ ၊ မ္တလေး မြို့ ၊ မော်လမြိုင်မြို့ ၊ လားရှိုးမြို့နှင့် ဘားအံ မြို့တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဧရာ၀တီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် လည်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက် ခံရသည့် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု၊ တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ စိတ်လူမှု ရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုရရှိရေးနှင့် နောက်ဆက်တွဲ ငွေကြေးထောက်ပံ့မှုများ ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၁၆ ခုနှစ်မှ ယခုနှစ် ဧပြီလကုန် အထိ Help Line သို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှတစ်ဆင့် ဆက်သွယ် တိုင်ကြားလာသော အကြမ်းဖက်ခံရသော အမျိုးသမီးနှင့် မိန်းကလေးငယ်ရွယ်များ ၏ အမှုပေါင်း ၁၆၃၈ မှုရှိပြီး အဆိုပါအမှု များအနက် အကြမ်းဖက်ခံရသူ ၁၁၀၄ ဦးအတွက် လိုအပ်ချက်ပေါ် မူတည်၍ နိုင်ငံတော်ဘတ်ဂျက်မှ တရားရင်ဆိုင်နိုင် ရေးအတွက် ငွေကျပ်ကျပ် ၄၆ ဒသမ ၅ သန်း၊ အသက်မွေးဝမ်းကျောင်းမှုအတွက် ငွေကျပ်ကျပ် ၇၅ ဒသမ ၅ သန်း ထောက်ပံ့မှု ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်း နှင့် ကာကွယ်စောင့်ရှောက်ခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စီမံချက်များရေးဆွဲရာတွင် အထောက် အထား အခြေပြုစီမံချက်များ ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့အတွက် သုတသေန လုပ်ငန်းသည် အရေးကြီးပါကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့် သုတေသန လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ကျား/ မရေးရာ တန်းတူ ညီမျှရေးကွန်ရက် ဒါရိုက်တာဒေါ်မေစံပယ် ဖြူက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ဆွေးနွေးပွဲ ကိုဆက်လက်ကျင်းပရာ လိင်အကြမ်း ဖက်မှု ကျူးလွန်သူများနှင့် ပတ်သက်၍ ဦးတည်အုပ်စု၊ အကျဉ်းထောင်ရွေးချယ်မှု၊ အကြမ်းဖက်မှု အမျိုးအစား၊ ကျူးလွန်ခံရ သူ၏ အသက်အရွယ်၊ ကျူးလွန်ခံရသူနှင့် ကျူးလွန်သူတို့၏ တော်စပ်ပုံ စသည့် အချက်များ၊ လိင်အကြမ်းဖက်မှု ကျူးလွန် သူ အကျဉ်းသားများအား သုတေသန လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လာ စေရန် လုပ်ဆောင်သင့်သည့်အချက်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများက ပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်း များ ၊ သုတေသနလုပ်ငန်းစဉ်များ ဆောင် ရွက်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment