Saturday, May 4, 2019

နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပ

Image may contain: 4 people, people sitting, wedding, table and indoor

နေပြည်တော်  မေ  ၃

မြန်မာနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေး ကို နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းတွင် လက်ခံ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် (အာရှနှင့်ပစိဖိတ်) မစ္စတာ မာဘု အူဇမန် (Mr. Mahbub Uz Zaman, Secretary – Bilateral, Asia and the Pacific) တို့က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

အဆိုပါအစည်းအဝေးတွင် နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံ ရေးအတွက် အစီအမံများ စီစဉ်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့်  လုံခြုံရေးဆိုင်ရာ   စီမံဆောင်ရွက်ထားရှိမှု၊   ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားရေးတို့အတွက်  လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးစီးမှုတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်းကျင် တွင် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသွားသူများအနေဖြင့် ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်လာရာ တွင် စနစ်တကျ စိစစ်လက်ခံရေးနှင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများ အား ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဖြေရှာဆောင်ရွက်

အဆိုပါအစည်းအဝေးတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံ အကြား လက်ရှိထူထောင်ထားသော ယန္တရားများမှတစ်ဆင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး၊  နေရပ်စွန့်ခွာသွားသူများအား  ပြန်လည်စိစစ် လက်ခံရာတွင် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို နှစ်ဖက်အဖွဲ့ငယ်များ ဖွဲ့စည်းလျက် အဖြေရှာဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က နေရပ်စွန့်ခွာသွားသူများကို ပြန်လည်စိစစ် လက်ခံရာတွင် နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် "Arrangement on Return of  the Displaced Persons from Rakhine State'' နှင့် "Physical Arrangement for Repatriation of Displaced Myanmar  Residents from Bangladesh under the Arrangement on Return of the  Displaced Persons from Rakhine State" တို့ကို အခြေခံ၍ စနစ်တကျ ပြန်လည်စိစစ်လက်ခံသွား မည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးပြောကြားခဲ့သည်။

အစီအမံများအတိုင်း ညှိနှိုင်း


မြန်မာကိုယ်စားလှယ်အဖွဲ့က နှစ်နိုင်ငံအကြား ဖြစ်ပွားလေ့ရှိသည့်ကိစ္စရပ် များကို နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းအဖြေရှာဆောင်ရွက်ခြင်းဖြင့်သာ အဖြေရှာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး ဆောင်ရွက်ရာတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် အစီအမံများအတိုင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု  ပြောကြားသည်။

ထို့အပြင်     မြန်မာကိုယ်စားလှယ်အဖွဲ့က    ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိသော အစီအစဉ်များ မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ လူသားချင်းစာနာမှုနှင့် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနတို့နှင့် ပူးပေါင်းလျက် ရခိုင်ပြည်နယ်အတွင်း အာဆီယံမှ ပံ့ပိုးဆောင်ရွက်သွားနိုင် မည့် ကဏ္ဍများနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အထောက်အကူ ဖြစ်စေမည့် အစီအစဉ်များကိုလည်း အသိပေးပြောကြားခဲ့သည်။

ညှိနှိုင်းဆောင်ရွက်သွားမည်

နေရပ်စွန့်ခွာသွားသူများအား   ပြန်လည်စိစစ်လက်ခံရေး၊    မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ငါးကြိမ်မြောက်အစည်းအဝေး ကျင်းပ မည့်နေ့ရက်နှင့် နေရာတို့ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                         

သတင်းစဉ်

No comments:

Post a Comment