Sunday, May 19, 2019

ဘီးလင်းမြို့နယ်ရှိ သက္ကထူပ(ခ)သိကြားဘုရားစေတီတော်နှင့် ဆံတော်ကြိုတပ်တော်ဦး အောင်စေတီတော်တို့အား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ်ရွှေထီးတော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ


Image may contain: 4 people, people sitting and indoor


ဘီလင်း မေ ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မုသင်ကျေးရွာအုပ်စု ဝိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြားဘုရားစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ်ရွှေထီးတော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ဝင်းအတွင်း ကျင်းပသည်။

အမွှေးနံ့သာရည်များ ပက်ဖျန်း
ရှေးဦးစွာ စေတီတော်ဝင်းအတွင်းရှိ မော်ကွန်းကမ္ပည်းကျောက်စာနှင့် အရှင် အနုရုဒ္ဓါကျောင်းဆောင်၊ ဘိုးတော် သိကြားနှင့် မယ်တော်ကျောင်းဆောင်၊ မုခ်ဦးဖွင့်လှစ်ခြင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင် မင်းကျောင်းဆရာတော် ဘဒ္တ စန္ဒိမာဘိဝံသ ဆရာတော်ကြီးဦးဆောင်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ထီးတော်တင်လှူပူဇော် ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် မကွေးဆရာတော် ဘဒ္တဥတ္တရ အရှင်သူမြတ်ထံမှ ဧည့် ပရိသတ်များက ကိုးပါးသီလ ခံယူဆောက် တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ပြီး မကွေးတိုင်း ကျောင်းတော်ရာကျောင်း ကြီးကျောင်းတိုက် ပဓာနနာယက ဘဒ္တဓမ္မာစာရ (သာသနဓဇဓမ္မစရိယ) ဆရာတော်ထံမှ ဩဝါဒကထာ နာယူ ကြသည်။
ယင်းနောက် ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္တနာဂဒီပမှ စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူး တော်၊ ရတနာငှက်မြတ်နားတော် ဆက်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က သာသနာရေးဆိုင်ရာများ လျှောက်ထား ပြီး (၁၁)ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္တဣန္ဒပါလ ဆရာတော် ရေးစပ်သီကုံးထားသော စေတိယပူဇာ မင်္ဂလာရတုပိုဒ်စုံကို အခမ်းအနားမှူး ဦးစံသင်းလှိုင်က ထုတိဂါထာများကို ရွတ်ဖတ်ပူဇော်ကာ တေးသံရှင် စိမ့်နေခြည်က စေတိယပူဇာ မင်္ဂလာရတုပိုဒ်စုံအား သီဆိုပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အလှူရှင် သာသန နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား သန်လျင်မြို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးထံ ဆက်ကပ်ကြသည်။
ထီးတော်တင်လှူ
ယင်းနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်က လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တို့အား ဒေဝါဝင်းရာဇာဝင်းခြံရံ လျက် စေတီတော်အထွတ်သို့ ပင့်ဆောင် ကာ ဆရာတော်အရှင်သူမြတ်တို့က ဇယမင်္ဂလာအောင် ဂါထာများဖြင့် ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ထီးတော်တင်လှူသည်။
မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာရှိ ဆံတော်ကြို တပ်တော်ဦး အောင်စေတီ တော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော် ၊ မကိုဋ် ရွှေထီးတော် ဆက်ကပ်ခြင်းမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment