Tuesday, May 7, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်မည်




နေပြည်တော်  မေ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ  သမ္မတ မစ္စတာငုယင်ဖူးကျောင့်နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ မကြာမီကာလ အတွင်း တရားဝင်  အလုပ်သဘောခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်နှင့်ဆက်စပ်၍ ဗီယက်နမ်နိုင်ငံ ဟနမ် ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် (၁၆) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ 
                                                             
  သတင်းစဉ်                                                                                              

No comments:

Post a Comment