Tuesday, May 7, 2019

မိတ္ထီလာဟိုတယ်နှင့် မိတ္ထီလာစာတိုက်အနီး သစ်ပင်ခြောက်များ အန္တရာယ်ရှိ၍ ခုတ်ဖြတ်ရှင်းလင်းရန်လိုလား



ထင်သာမြင်သာ ပြုပြင်စရာ



မိတ္ထီလာမြို့နယ် မိတ္ထီလာဟိုတယ် (ရန်ကုန်-မန္တလေးကားလမ်းမ ၃၄၀ / ၄ )အနီးရှိ ဘောစကိုင်းသစ်ပင်ခြောက်နှင့် မိတ္ထီလာစာတိုက်အနီးရှိ မဲဇလီသစ်ပင်ခြောက် တို့မှာ အချိန်မရွေး ကျိုးပဲ့ကျနိုင်သော အခြေအနေဖြစ်၍ ရှင်းလင်းရန် လိုအပ်လျက်ရှိ သည်။
"မိတ္ထီလာဟိုတယ်ရှေ့မှာရှိတဲ့ ဘောစကိုင်းသစ်ပင်က သစ်ကိုင်းခြောက်ကလည်း အချိန်မရွေး ကျိုးပဲ့ကျနိုင်တဲ့ အနေအထားပါ။ ပြီးတော့ မိတ္ထီလာစာတိုက်ရှေ့က မဲဇလီသစ်ပင်က သစ်ကိုင်းခြောက်ကြီးကလည်း ဘယ်အချိန်ကျိုးပဲ့ကျမလဲ မသိ ဘူးဖြစ်နေတဲ့ အနေအထားပါ။ သစ်ကိုင်းကျိုးကျတဲ့အချိန်နဲ့ အဲဒီနေရာမှာ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေ ဖြတ်သွားချိန် တိုက်ဆိုင် ခဲ့ရင် အသက်အန္တရာယ်ပါရှိနိုင်တဲ့အနေအထားမို့ အန္တရာယ် မဖြစ်ပွားခင် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အဲဒီသစ်ပင်ခြောက်၊ သစ်ကိုင်းခြောက်တွေကို ရှင်းလင်းပေးသင့်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအချိန်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ အဆိုပါ သစ်ကိုင်းခြောက်ကြီးများမှာ မော်တော် ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများ နေ့စဉ်ဖြတ်သန်းသွားလာနေ သည့်နေရာတွင် ရှိနေပြီး အန္တရာယ်ဖြစ်ပွားနိုင်သည့် အနေအထားတွင်ရှိနေ၍ ယင်း သစ်ကိုင်းခြောက်ကြီးများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။ ချမ်းသာ (မိတ္ထီလာ)

No comments:

Post a Comment