Sunday, May 26, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့် ကြည့်ရှုအားပေး


Image may contain: one or more people and crowd



နေပြည်တော် မေ ၂၅

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) သို့ လာရောက်ကြည့်ရှုလေ့လာကြသည့် အများပြည်သူများ ကြည်နူး ပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင် များက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးသည်။
ဖျော်ဖြေတင်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကိုနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ တာဝန်ရှိသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ လာရောက်လည်ပတ်ကြသည့် ဝန်ထမ်းမိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှပြည်သူများ တစ်ခဲနက် ကြည့်ရှုအားပေး ကြသည်။
ရှေးဦးစွာ ကပြဖျော်ဖြေပွဲ အစီအစဉ်အရ ကချင်တိုင်းရင်း သား ခြောက်ဦးနှင့် ကချင်တိုင်းရင်းသူ ခြောက်ဦးတို့က ကချင် ပြည်နယ်သို့ လာရောက်ရန်ဖိတ်ခေါ်သော တေးသရုပ်ဖော် ကချင်တိုင်းရင်းသားရိုးရာအကအလှဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် ကယားတိုင်းရင်းသူ ရှစ်ဦးက တေးသရုပ်ဖော် ရိုးရာအက၊ မင်္ဂလာသုံးစုံတွဲ မြန်မာယိမ်းအက၊ ကရင် တိုင်းရင်း သားလေးဦးနှင့် ကရင်တိုင်းရင်းသူလေးဦးတို့က သွက်လက် မြူးကြွသည့် ကရင်တိုင်းရင်းသားရိုးရာ ဒုံးအက၊ နှစ်ကိုယ့် တစ်စိတ် ရယ်ရွှင်ဖွယ်ဟာသ အက၊ ကျေးလက်ဒေသ၏ ညနေ
ဆည်းဆာအလှကို ဖော်ကျူးထားသည့် ချိန်ဆည်းဆာ တို့တောရွာ ရေအိုးယိမ်း အက၊ ချင်းတိုင်းရင်းသားရှစ်ဦးနှင့် ချင်း တိုင်းရင်းသူရှစ်ဦးတို့က ချင်းတိုင်းရင်း သားရိုးရာ ဝါးညှပ်အက၊ မွန်တိုင်းရင်းသား ရိုးရာအကဖြစ်သည့် မွန်ဟင်္သာမောင်နှံ အက၊ ရခိုင်တိုင်းရင်းသူရှစ်ဦးတို့က သာစွ ရခိုင်တေးသရုပ်ဖော် ရခိုင်တိုင်းရင်းသား ရိုးရာ အက၊ ရှမ်းတိုင်းရင်းသားလေးဦးနှင့် ရှမ်းတိုင်းရင်းသူ ၁၂ ဦးတို့က ရှမ်းရိုးမက အိုးစည်သံ တေးသရုပ်ဖော် ရှမ်းတိုင်းရင်း သား ရိုးရာအက၊ ခေါင်းဆောင်မင်းသမီး ဝေဖူးငယ် ဦးဆောင်သည့် ရွှေမြန်မာအငြိမ့် ပဒေသာအစီအစဉ်နှင့် ပြည်ထောင်စုသား တေးသရုပ်ဖော် အဖွဲ့လိုက်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုပန်းခြင်း ပေးအပ်
ဖျော်ဖြေပွဲအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ဖျော်ဖြေတင်ဆက်
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနု ပညာရှင်များက အမျိုးသားအထိမ်း အမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များ ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က လည်းကောင်း၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ် (နေပြည်တော်) ၏ (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၁ ရက်က လည်းကောင်း၊ မေ ၁၉ ရက်က လည်းကောင်း၊ ဩဂုတ် ၂၅ ရက်က လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်က လည်းကောင်း တိုင်းရင်းသားရိုးရာ ယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့်အစီအစဉ်များ၊ ပဒေသာယိမ်း အကများ၊ ဟာသတစ်ခန်းရပ်များဖြင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်ခဲ့ ကြောင်း သိရသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေတင်ဆက် သည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန် ကြားရေးမှူးရုံး လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော် တေး သီချင်းပြိုင်ပွဲ ဆုရတေးသံရှင်များက လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီး ဌာနမှ ဝန်ထမ်းများနှင့် အနုပညာရှင် များကလည်းကောင်း တစ်လလျှင် တစ်ကြိမ် အလှည့်ကျ ဖျော်ဖြေတင်ဆက် ခဲ့ကြရာ ယခုအချိန်တွင် ဝန်ကြီးဌာန တစ်ခုလျှင် ခြောက်ကြိမ်တိုင်တိုင် ကပြ ဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကြည့်ရှုလေ့လာနိုင်
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဖြစ်တည်လာပုံ သမိုင်းအဆင့်ဆင့်ကို အကျဉ်းချုပ်သိရှိ နိုင်ရန်၊ ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်း သားလူမျိုးများ၏ ယဉ်ကျေးမှု အမွေ အနှစ်များ၊ ဓလေ့ထုံးစံများ၊ နေထိုင် စားသောက်ပုံများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာ၀အလှရှုခင်းများကို တစ်နေရာ တည်းတွင် တစ်စုတစ်ဝေးတည်း ကြည့်ရှု လေ့လာနိုင်ပြီး မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment