Sunday, May 26, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း လွိုင်ကော်ခရိုင် လူထုအခြေပြုဗဟိုဌာနကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ



 
လွိုင်ကော် မေ ၂၅


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ ညနေ ၃ နာရီတွင် ကယားပြည်နယ် လွိုင်ကော် ခရိုင်ရုံး၌ ဆောင်ရွက်ထားရှိသော လူထု အခြေပြုဗဟိုဌာန (Community Centre ) လုပ်ငန်းဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး ကယားပြည်နယ် ရုံး လွိုင်ကော်ခရိုင်နှင့် ခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ ကယားပြည်နယ်ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံဝန်ထမ်းများ၊ တိုင်းရင်းသားရုပ်သံ လိုင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက် များ၊ အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက အမှာ စကားပြောကြားရာတွင် ပြည်သူများ သိသင့်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ပြန်ကြားပေးနိုင်ရန် လိုကြောင်း၊ ပြည်သူများကို ပညာပေးရန် အတွက် မိမိကိုယ်တိုင် ပညာရှိနေရန် လိုပါကြောင်း၊ ပညာရှိရန်အတွက် စာကြည့်တိုက်ကို အသုံးချရမည်ဖြစ် ကြောင်း၊ စာများများ ဖတ်စေလိုကြောင်း၊ ပြည်သူများကိုလည်း စာဖတ်အောင် စည်းရုံးရမည်ဖြစ်ကြောင်း၊ စာကြည့် တိုက်နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးနိုင် ရန်အတွက် မိမိစာကြည့်တိုက်အကြောင်း ကို မိမိတို့ကိုယ်တိုင် ကျေညက်အောင် သိရှိနေရန် လိုအပ်ကြောင်း၊ စာအုပ် တစ်အုပ်ချင်းစီအကြောင်း၊ စာအုပ်ဗီရို တစ်ဗီရိုချင်းစီအကြောင်း၊ စာဖတ် ပရိသတ်အကြောင်း စသည်ဖြင့် သိရှိ ထားရန် လိုကြောင်း၊ သို့မှသာ ပြည်သူ များကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ် ကြောင်း။


ပြည်သူများကို ဖျော်ဖြေပေးနိုင်ရန် အတွက် မိမိကိုယ်တိုင် ပျော်ရွှင်နေရန် လိုကြောင်း၊ ဝန်ထမ်းဆိုသည်မှာ ရောက်သည့်အရပ်တွင် ပျော်အောင်နေပြီး တွေ့သည့်သူနှင့်တည့်အောင် ပေါင်းတတ် ရမည်ဖြစ်ကြောင်း၊ မည်သည့်နေရာ ရောက်ရောက် ပြည်ထောင်စုအတွင်းသာ ဖြစ်၍ ရောက်သည့်အရပ်သည် မိမိအရပ် ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မှတ်ယူကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ မိမိလုပ်ငန်း အောင်မြင်ရေးအတွက် နယ်မြေခံ CSO များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။


ထို့ပြင် Community Centre လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက် ရန်၊ စာကြည့်တိုက်တွင် လူစည်ကား အောင်လုပ်ရန်၊ လုံခြုံရေးကို အထူးဂရု စိုက်ရန်၊ မိမိတို့လုပ်ဆောင်ချက်များကို အထောက်အထားအဖြစ် မှတ်တမ်း မှတ်ရာများ စနစ်တကျထားရှိရန်၊ မှတ်တမ်းများ ဆောင်ရွက်ရာတွင် အမှန် အတိုင်းဆောင်ရွက်ရန်၊ မိမိကိုယ်တိုင် လည်း ပျော်အောင်နေ၊ ဝန်ထမ်းများကို လည်း ပျော်အောင်ထားပြီး မိမိမိသားစု ကို ပျော်ရွှင်အောင်လုပ်ပေးရန် စသည် ဖြင့် ဒုတိယဝန်ကြီးက မှာကြားသည်။
ယင်းနောက် လူထုအခြေပြုဗဟို ဌာန အသစ်တည်ဆောက်မည့်မြေနေရာ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment