Monday, May 6, 2019

အဇာဘိုင်ဂျန်နိုင်ငံ ဘာ့ကူးမြို့၌ ကျင်းပသည့် ပဥ္မအကြိမ်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်

Image may contain: 2 people, people sitting


နေပြည်တော်  မေ  ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး   ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဇာဘိုင်ဂျန် နိုင်ငံ ဘာ့ကူးမြို့တွင် မေ ၂ ရက်မှ ၃ ရက်အထိ ကျင်းပသော  ပဥ္မအကြိမ်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

တက်ရောက်

ခွဲခြားမှု၊  မညီမျှမှုနှင့်  အကြမ်းဖက်မှု ပပျောက်ရေးအတွက် စကားဝိုင်းဆွေးနွေး ပွဲမှသည်    အကောင်အထည်ဖော်မှုဆီသို့        ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှ နိုင်ငံ အကြီးအကဲများ၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊  နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင်   လူ့အဖွဲ့အစည်းများ လုံခြုံရေး၊  ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နိုင်မည့်   နည်းလမ်း အသစ်များကို ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ မျိုးသိမ်းကြီးသည်     ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု  တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့  မေ  ၂ ရက်က   တက်ရောက် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေးရာတွင် ပညာရေးသည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီ၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ ရောက်ရှိရန်၊ လူတိုင်းပါဝင် သော တန်းတူညီမျှသောအရည်အသွေးရှိသည့်ပညာရေးကို ဖော်ဆောင်ရန်နှင့် လူတိုင်းအတွက် ဘ၀တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရန် အတွက်   အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို    ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း။

သင်တန်းပို့ချ

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းထွက် နှုန်းပပျောက်ရေးဟူသောမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မူလ တန်းကလေးအားလုံး အရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေး၊ အလယ်တန်း အဆင့်သို့ ကူးပြောင်းတက်ရောက်နိုင်ရေးကို ဦးတည်လျက် အခမဲ့မူလတန်းနှင့် အခမဲ့အလယ်တန်းပညာရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ထင်ရှားသော ပညာရေးပြုပြင်ပြောင်းလဲမှုတစ်ခုမှာ  ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG+12 စနစ်သစ်ကို ပြောင်းလဲခြင်းဖြစ်ကြောင်း၊ အလွတ်ကျက်မှတ်သည့် အလေ့အထမှ ပြောင်းလဲရန်အတွက် သင်ရိုးညွှန်းတမ်းအသစ်များတွင် စာရိတ္တ နှင့်ပြည်သူ့နီတိ၊ ဘ၀တွက်တာကျွမ်းကျင်မှု၊ ကာယပညာ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ တီထွင်ဖန်တီးတတ်သော စိတ်ကူးဉာဏ်နှင့် နက်နက်ရှိုင်းရှိုင်း သင်ယူလေ့လာမှုကိုအားပေးသော ၂၁ ရာစုနှစ်အတွက် လိုအပ်သည့်စွမ်းရည် များကိုထည့်သွင်းရေးဆွဲထားကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်များ အတွက် မူလတန်းပြဆရာ ဆရာမအားလုံး ၂၆၀၀၀၀ ကိုလည်း သင်တန်း ပို့ချပြီးဖြစ်ကြောင်း၊ အလယ်တန်းပြအားလုံးကိုလည်း သင်တန်းပို့ချနေပါ ကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုများအနက် အောင်မြင်မှုတစ်ခုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကျောင်းသစ် ၁၀၂၄ ကျောင်းဖွင့်လှစ်နိုင်ခဲ့ ပြီး ကျောင်းဆောင်သစ် ၁၀၆၆၄ ခု တည်ဆောက်ခြင်း၊ ၁၀၈၀၃ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ခြင်းကို    ဆောင်ရွက်နိုင်ခဲ့ကြောင်း၊   အမျိုးသား ပညာရေးဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရသော ကလေးငယ်များ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများကို ဖော်ဆောင်လျက် ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကား ၅၄ မျိုးကို သက်ဆိုင်ရာကျောင်းများ တွင် သင်ကြားပေးလျက်ရှိပြီး သင်ကြားရေးအထောက်အကူပြု ဒေသခံဆရာ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ကြောင်း။

တိုးချဲ့ဖွင့်လှစ်လျက်ရှိ

ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို    ၈၁   မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ နှစ်နှစ်သင် ပညာရေး ကောလိပ်များအားလုံးကိုလည်း လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော  နည်းပညာနှင့်သက်မွေးပညာသင်တန်းများကို တိုးချဲ့ဖွင့်လှစ် လျက်ရှိကြောင်း၊  သုတေသနနှင့်တီထွင်ဆန်းသစ်မှုကို  အားပေးသော အဆင့်မြင့်ပညာကဏ္ဍကို ဖော်ဆောင်လျက်ရှိကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးရေး အတွက်  တက္ကသိုလ်ပဋိညာဉ်စာတမ်းရေးဆွဲ၍ သင်ကြားရေးနှင့်စီမံခန့်ခွဲမှုတို့ကို အမျိုးသားပညာရေး  ဥပဒေအရဆောင်ရွက်နိုင်ရေးအတွက် အားပေး ဖော်ဆောင်လျက်ရှိကြောင်း။        

ရှင်းလင်းဆွေးနွေး

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အဓိကဖြေရှင်း ဆောင်ရွက်ရမည့် မူးယစ်ဆေးဝါးအ္တရာယ်တားဆီးကာကွယ်ရေး၊ အရက် ဘီယာနှင့်စီးကရက်မသုံးစွဲရေး၊ ယာဉ်အ္တရာယ် ကင်းရှင်းရေးနှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊  ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို ပညာပေးရန် စီစဉ်လျက်ရှိကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကို လည်း  ထည့်သွင်းရန်စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့် လူငယ်များ အတွက်   စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော    ကွန်ပျူတာဂိမ်းစွဲလမ်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများ၊  သင်ယူသူများ၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့် မိမိနေထိုင်ရာကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့်အခွင့်အရေးများကို အသုံးချတတ်စေရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။

ပြန်လည်ရောက်ရှိ

ပြည်ထောင်စုဝန်ကြီးသည် မေ ၃ ရက်မွန်းလွဲပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံ ပညာရေးဝန်ကြီး Dr.JeyhunBayramov နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းတို့အဖွဲ့ သည် မေ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment