Monday, May 20, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအား တွေ့ဆုံ


 Image may contain: 1 person, flower, plant, outdoor and indoor



နေပြည်တော် မေ ၁၉


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသော ရေကြောင်းနှင့် လေကြောင်းလူငယ် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မောင်မယ်တို့အနေဖြင့် ရှည်လျား လှသည့် လူ့လောကခရီးကို ဆက်လက် လျှောက်လှမ်းရဦးမည့် လူငယ်များ ဖြစ်ပြီး ထိုသို့လျှောက်လှမ်းနေချိန်တွင် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် ကျရာ တာဝန်များကို သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးမှ ထမ်းဆောင်ရဦးမည့် လူငယ် များလည်းဖြစ်ကြောင်း၊ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရမည့် အခြေအနေ အရပ်ရပ်အပေါ်တွင် မှန်ကန်သည့် အသိ အမြင်များနှင့် ရင်ဆိုင်ဖြေရှင်းသွားကြ ရန်လည်းလိုအပ်ကြောင်း၊ မောင်မယ် တို့သည် ငယ်ရွယ်စဉ်ကတည်းက သိသင့် တတ်သင့်သည့် ပညာရပ်များကို အခြေခံကျကျ အပတ်တကုတ်ဆည်းပူး လေ့လာသွားရမည် ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်ကာလဆိုသည်မှာ ကာယ အား၊ ဉာဏအားတို့ ကြံ့ခိုင်နေချိန် ဖြစ်သဖြင့် အကောင်းဆုံး အသုံးချသွား ရန် လိုအပ်ကြောင်း။


မိမိတို့ဘ၀တိုးတက်မှုကို ရှာဖွေရင်း တစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော် အတွက် ကျေးဇူးဆပ်နိုင်အောင် ကြိုးစား သွားကြရန် လိုကြောင်း၊ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူများဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ်ယောက်ပီသသည်ကို သက်သေပြကြရမည်ဖြစ် ကြောင်း၊ ထိုသို့သက်သေပြကြရာတွင်
အပျက်သဘောမပါသည့် အပြုသဘော များကို ရင်ဝယ်ပိုက်ပြီး ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


လက်ဆောင်ပစ္စည်းများပေးအပ်
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ အတွက် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ပြီး လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါရ၀ပြုလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်သည်။ ထို့နောက် ရေကြောင်း လူငယ်သင်တန်းမှ မမြတ်နန္ဒာထွေးနှင့် လေကြောင်းလူငယ်သင်တန်းမှ မနှင်း သဇင်တို့က ကျေးဇူးတင် စကားပြန်လည် ပြောကြားကြသည်။


ရှင်းလင်းပြသ
ရေကြောင်းနှင့်လေကြောင်း လူငယ် မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်း ပြသထားသော မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင် အသုံးပြုနေသည့် ဝတ်စုံအမျိုး မျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ် သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များ၊ ရေတပ် ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေ သည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံ များနှင့် အသုံးအဆောင်ပစ္စည်းများ၊ Sငာကူအေသမ ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန် ရှိသူများက သိရှိလိုသည်များကို ရှင်းလင်း ပြသကြသည်။


လိုက်လံရှင်းလင်း
ယင်းနောက် ညနေပိုင်းတွင် ရေကြောင်းနှင့်လေကြောင်း လူငယ် မောင်မယ်များသည် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြကွက်များအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment