Saturday, May 25, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန် အမှာစကားပြောကြား


Image may contain: 1 person, sitting and indoor


နေပြည်တော် မေ ၂၄
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံပြီး လမ်းòန်အမှာစကား ပြောကြားသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးဟန်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတက လမ်းòန်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်း သည် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ပိုမို တိုးမြှင့်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ အ္တိမရည်ရွယ်ချက်မှာ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တည်ဆောက်မည်ဆိုသည့် သန္နိဋ္ဌာန် ဖြစ်ပါကြောင်း။
နိုင်ငံသူနိုင်ငံသားအားလုံးပူးပေါင်း
မိမိတို့နိုင်ငံကို ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်မှ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံး ပါဝင်မှ ပြည်ထောင်စုနိုင်ငံ၊ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်၍ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးနှင့် နိုင်ငံသူ နိုင်ငံသား အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မည် ဖြစ်ပါကြောင်း။
လောကနိယာမသဘောတရားအရ ပြုပြင် ပြောင်းလဲမှုသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းတွင် လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက် လာမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်ကြီး လည်း ငြိမ်းချမ်းသာယာ၀ပြောလာမည် ဖြစ်ပါ ကြောင်း။


တချို့က ပြုပြင်ပြောင်းလဲမှုကို စိုးရိမ် နေကြပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု သည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် မိတ်ကောင်း ဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် ခြိမ်းခြောက်မှုမဟုတ် ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုနှင့် နိုင်ငံသူ နိုင်ငံသားများ၏ သားစဉ် မြေးဆက် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အခွင့်ကောင်းအခါကောင်း ဖြစ်ပါ ကြောင်း။
ရှင်သန်လာမည်ဖြစ်
မည်သည့်နိုင်ငံ၊ မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်မဆို ပြုပြင်ပြောင်းလဲ မှုမရှိဘဲနှင့် ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ပါ ကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် တွင် အခြေအနေအချိန်အခါအရ ဖြစ်ပေါ် နေသည့် ရေစီးကြောင်းတွင် လိုက်ပါန်ိုင်မှ အမျိုးသားအကျိုးစီးပွား ရေရှည်တည်တံ့ မှု ရှင်သန်လာမည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်သည် ဖက်ဒရယ် ပြည်ထောင်စုအတွက် အထောက်အပံ့ ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုသည် ဒီမို ကရေစီ ခိုင်မြဲရေးကို အားပေးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု သန္နိဋ္ဌာန်ချထားခြင်း ဖြစ်ပါကြောင်း။
မိမိတို့လိုချင်သည့် အုပ်ချုပ်ရေး သည် အမျိုးသားအာဇာနည်ခေါင်းဆောင် ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ချမှတ်ခဲ့သည့် အုပ်ချုပ်ရေး ပုံစံမျိုးဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတ မှုရှိရန်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း အသီးသီးတွင် တရားမျှတမှုရှိမှ ဒီမို ကရေစီ အခြေခံအုတ်မြစ် ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ တရားမျှတမှုမရှိ၍ ဒီမို ကရေစီ အခြေခံအုတ်မြစ် မခိုင်မြဲပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်း သာယာ၀ပြောသည့် နိုင်ငံကို တည်ဆောက်ရန် မလွယ်ပါကြောင်း။
နိုင်ငံရေးအရ၊ စီးပွားရေးအရ၊လူမှု ရေးအရ တရားမျှတမှုဆိုသည်မှာ အားလုံးတန်းတူ ညီတူအခွင့်အရေးရရှိ ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံ သားများအားလုံး၊ အဖွဲ့အစည်းများ အားလုံး အဆင့်အတန်းညီမျှမှု၊ အခွင့် အလမ်းညီမျှမှု၊ ဥပဒေအရာတွင် ညီမျှမှု ဖြစ်စေလိုပါကြောင်း၊ အားလုံးသည် ဥပဒေ၏ ရှေ့မှောက်တွင် အညီအမျှ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေ၏အထက်တွင် မည်သူမျှမရှိရပါကြောင်း။
မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း သည် ခေတ်ဟောင်းစနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲလာခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် လမ်းရိုးလမ်းဟောင်းမှ ခေတ်စနစ်နှင့် အညီ လမ်းသစ်ကိုထွင်ပြီး လုပ်ရမည်ဖြစ် ပါကြောင်း၊ ယခင်ကအတိုင်း အတွေး အခေါ် အပြုအမူများနှင့် ဆောင်ရွက်မည် ဆိုလျှင် ပြုပြင်ပြောင်းလဲမှု ခရီးမရောက် နိုင်ပါကြောင်း။
ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုယ်တိုင် မပြုပြင် မပြောင်းလဲဘဲ တခြားသူကို ပြုပြင် ပြောင်းလဲနိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် အနာဂတ်မျိုးဆက် အတွက် တာဝန်ကျေအောင်ထမ်းဆောင် ရန်လိုကြောင်း၊ သမိုင်းကပေးသည့် တာဝန်၊ နိုင်ငံတော်ကပေးသည့် တာဝန် ကို မိမိတို့မည်မျှ စွမ်းဆောင်နိုင်ခဲ့သည် ဆိုသည့်အပေါ် မူတည်ပြီး နောင်မျိုးဆက် က အဆုံးအဖြတ်ပေးကြမည် ဖြစ်ပါ ကြောင်း၊ မိမိကျရာတာဝန်ကို အကောင်း ဆုံး၊ အသေသပ်ဆုံး ဥပဒေနှင့်အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင် သွားကြရန် လိုအပ်ပါကြောင်း။
မိမိတို့ တာဝန်ထမ်းဆောင်ရာတွင် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို အကောင်းဆုံးဖန်တီးစေချင်ပါကြောင်း၊မိမိတို့တာဝန်ယူသည့်ကာလတွင် ပြုပြင် ပြောင်းလဲပြီး ဒီမိုကရေစီမျိုးစေ့ကို ချသွား နိုင်မှ နိုင်ငံတော် ငြိမ်းချမ်းသာယာ၀ပြော ပြီး နိုင်ငံသားများ ညီတူညီမျှအခွင့်အရေး ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ စားဝတ်နေရေးအခက်အခဲ၊ အကျပ် အတည်းရှိသည်ကို နားလည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိအခက် အခဲအတွက် ပြည်သူ ပြည်သားများကို ဖိစီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာပါဝါပြ ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းများကို မဖြစ်စေလိုပါကြောင်း။
ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်òန်ကြားချက်၊ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာရမည်ဖြစ် ပါကြောင်း၊ မိမိတို့သည် ဗဟိုဦးစီးစနစ်ကို ဖြေလျှော့ပြီး ဒီမိုကရေစီထွန်းကားရေး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေး လုပ်ဆောင်နေပါကြောင်း။
ဒီမိုကရေစီစနစ်တွင် အပြန်အလှန် ထိန်းကျောင်းခြင်းရှိပါကြောင်း၊ ချစ်ခြင်း၊ မုန်းခြင်းအပေါ်မူမတည်ဘဲ အပြန်အလှန် ထိန်းကျောင်းမှုပေးခြင်းသည် ဒီမိုကရေစီ ၏ အားသာချက်ဖြစ်ပါကြောင်း၊ အုပ်ချုပ် ရေးအပိုင်းက ဆောင်ရွက်ချက်များကို ဥပဒေပြုရေးအပိုင်းမှ ကိုယ်စားလှယ်များ က ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အုပ်ချုပ်ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဖြစ်ရန် လိုပါ ကြောင်း၊ ထို့အတူ အုပ်ချုပ်ရေးအပိုင်းမှ လည်း တရားစီရင်ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်၍ မရပါကြောင်း၊ တရားစီရင်ရေးအပိုင်းမှလည်း ဥပဒေပြု ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်၍ မရပါ ကြောင်း။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းနှင့်အဆိုများ တင်သည့် အခါတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်း မေးခွန်း၊ အဆိုနှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့် အညီသာ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုနှင့် မေးခွန်းများသည် နိုင်ငံ တော်အတွက် နောင်အကျိုးဆက်ကို ကြည့်ရမည်ဖြစ်ပါကြောင်း။
မေးခွန်းများ မေးမြန်းရာတွင် မေးသင့်မေးထိုက်သည်ကို မေးရမည်ဖြစ် ပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းကလည်း သေသေချာချာကျကျနန ဖြေပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသည် အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန်လေးစားမှုပင် ဖြစ်ပါကြောင်း၊ လွှတ်တော်နှင့် အုပ်ချုပ် ရေးအပိုင်း အပြန်အလှန်ယုံကြည်မှုပေး၍ အပြန်အလှန် ထိန်းကျောင်းရမည်ဖြစ်ပါ ကြောင်း။
အာဏာပိုင်များနှင့် ညှိနှိုင်းသင့်
လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ဒေသဖွံ့ဖြိုးရေး နှင့် စီမံကိန်းများတွင် အုပ်ချုပ်ရေးအာဏာ ပိုင်အဖွဲ့အစည်းက အလေးထားတိုင်ပင် ရမည့် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်းကိုယ့်ဒေသ၊ ကိုယ့်မဲဆန္ဒနယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ညှိနှိုင်းသင့်ပါ ကြောင်း။
ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေ ဖြင့်လည်း မိမိအဖွဲ့အစည်း၊ မိမိလုပ်ပိုင်ခွင့် နှင့် မိမိလုပ်ရမည့်ကိစ္စကို မှန်မှန်ကန်ကန် နားလည်ကျေညက်အောင် လေ့လာ သုံးသပ်ပြီး လုပ်စေလိုပါကြောင်း၊ တရား စီရင်ရေးသည် လွတ်လပ်သည့် တရား စီရင်ရေး ဖြစ်စေလိုပါကြောင်း၊ ဥပဒေနှင့် အညီ မှန်မှန်ကန်ကန် တရားစီရင်စေလို ပါကြောင်း၊ ပြောလိုသည်မှာ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ တရားရုံး လက်စွဲ၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ စသည်ဖြင့် တရားစီရင်ရေးနှင့် ပတ်သက်သည့် ဥပဒေများအတိုင်းသာ ဆောင်ရွက်စေလိုပါကြောင်း။
မိမိတို့သည် တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တရား ဥပဒေစိုးမိုးရေးရှိမှ ဒီမိုကရေစီအုပ်ချုပ်ရေး ယ္တရားဖြစ်မြောက်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးယ္တရားမရှိပါက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် လုပ်၍မရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့လိုလားသည့် တရားစီရင်ရေးသည် ဘက်မလိုက်သော တရားစီရင်ရေးဖြစ်ပါကြောင်း။
ကိုယ့်အတ္တကိုမကြည့်ဘဲလုပ်
ထို့ပြင် မိမိတို့လိုချင်သည့် အုပ်ချုပ် ရေးယန္တရားသည် တရားဥပဒေစိုးမိုးရေး ကို အထောက်အပံ့ဖြစ်သည့် အုပ်ချုပ် ရေးယ္တရားသာ ဖြစ်စေလိုပါကြောင်း၊ ပြည်သူကို လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှု ပေးသည့် အုပ်ချုပ်ရေးစနစ်သာဖြစ်စေလိုပါကြောင်း၊ သို့မှသာ တရားဥပဒေစိုးမိုး မှုကို တည်ဆောက်၍ ရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးက ပြုပြင်ပြောင်းလဲရေး အတွက် ကိုယ့်အတ္တကိုမကြည့်ဘဲ လုပ်ရ မည်ဖြစ်ပါကြောင်း၊ ကိုယ့်အတ္တကို ဗဟို ပြုပြီး လုပ်မည်ဆိုပါက အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ ပရဟိတကို ဗဟိုပြုပြီး လုပ်မည်ဆိုပါက ကိုယ်လုပ်သည့်အလုပ် အောင်မြင်ပြီး ကိုယ်လည်းသိက္ခာရှိ၊ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံးနှင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ၀ပြောရန်အတွက် ကြွရောက်လာကြသူအားလုံးက ယခု အချိန်ကစပြီး စိတ်အားထက်သန်စွာဖြင့် တက်ညီလက်ညီ ပြုပြင်ပြောင်းလဲမှုအရှိန် အဟုန်ကို ယခုထက် တိုးမြှင့်ဆောင်ရွက် ကြရန် မှာကြားလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားမှု၊ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက နေပြည်တော်ကောင်စီ အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် လုပ်ငန်း များ အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွား ရန်လိုကြောင်း။
နေပြည်တော်ကောင်စီ အနေဖြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင် အရည်အသွေးပြည့်မီမှု ရှိ၊မရှိကို သေချာ စွာ စိစစ်ဆောင်ရွက်ရန် လိုအပ်ပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတာဝန်ကို သေချာစွာကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်း ရေးကိစ္စကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများအနေဖြင့် မျက်ကွယ်မပြုကြစေလိုကြောင်း၊ သတင်း ရရှိလျှင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
ဆက်လက်ဖွဲ့စည်းဆောင်ရွက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန များတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ခွဲများ ဖွဲ့စည်းဆောင် ရွက်နေပါကြောင်း၊ မန္တလေး နှင့် ရန်ကုန် မြို့ကြီးများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရုံးခွဲများကို ဖွင့်လှစ်ထားရှိပြီးဖြစ်သကဲ့သို့ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီပေးကြစေလိုပါကြောင်း။
စီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် သေချာစိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကလည်း စီမံကိန်း တန်ဖိုးများ မှန်၊ မမှန်နှင့် ဒေသလိုအပ်ချက် ရှိ၊ မရှိကို ဝိုင်းဝန်းစိစစ်ပေးကြရန် လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲရာ တွင် ပြည်သူ့အကျိုးငှာ အရည်အချင်း ရှိသည့် ဘဏ္ဍာစိုးသဖွယ် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံး ပြုကြရန် လိုအပ်ကြောင်း။
လယ်ယာမြေကိစ္စများ ဖြေရှင်း ဆောင်ရွက်ရန် မူဝါဒကို မျှမျှတတ ချမှတ် ထားပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒ များနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် များ၊ လယ်ယာမြေစိစစ်ရေးအဖွဲ့များ အနေဖြင့် အမှုတွဲများကို ဆောလျင်စွာ ပြီးပြတ်စေရေး စနစ်တကျ စိစစ်ဆောင် ရွက်ကြစေလိုကြောင်း။
သည်းခံခွင့်လွှတ်ခြင်းတို့ ရှိရမည်
ဒီမိုကရေစီကို လိုလားပါက မိမိတို့ ကိုယ်တိုင် ဥပဒေလေးစားလိုက်နာခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ တရားမျှတခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ် ခြင်းတို့ ရှိရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရက် တစ် အုပ်ချုပ်ရေးစနစ်ကောင်း ဖြစ်အောင် ဆောင်ရွက်မည်ဆိုလျှင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လုပ်ငန်းများဆောင်ရွက် ရာတွင် ပွင့်လင်းမြင်သာမှု၊ ကြိုတင် မျှော်မှန်းနိုင်မှု အားလုံးပူးပေါင်းပါဝင်နိုင် မှုတို့ ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော် တည် ဆောက်ရေး အောင်မြင်နိုင်မည် ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအစိုးရက ချမှတ်သော လုပ်ငန်းစဉ်များ မူဝါဒများကို နေပြည် တော်ကောင်စီက လက်တွေ့အကောင် အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များမှန်ကန်မှု၊ မြန်ဆန်မှု ရှိမှသာ လုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ အားလုံးက နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ခရီးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မိမိ တို့ တတ်ကျွမ်းသည့်ပညာဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေတွင်ရှိ သည့် ဒေသခံပြည်သူများ အေးချမ်း သာယာပြီး စိတ်နှလုံးချမ်းမြေ့စွာ နေထိုင် နိုင်သည့် မြို့တော်ဖြစ်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း လမ်းòန်မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် သီးခြားတွေ့ဆုံပြီး နေပြည်တော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေး လမ်းòန်မှာကြားသည်။ သတင်းစဉ်

No comments:

Post a Comment