Friday, May 17, 2019

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ထံ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့်အဖွဲ့က ဥပဒေရေးရာစာအုပ်များ လှူဒါန်း




နေပြည်တော် မေ ၁၆
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ ဆောင်၌ စာရေးသူ ဦးထွန်းကြည်၊ တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး) အဖွဲ့ဝင်၏ ကလောင်အမည် (ယူတီကေ) ဖြင့် ရေးသားထားသည့် ဥပဒေဒိုင်ယာရီစာအုပ်၊ မရှိမဖြစ်ဥပဒေ စာအုပ်၊ နေရာတိုင်းမှာဥပဒေပါစာအုပ် အမျိုးအစား (၃) မျိုး စုစုပေါင်းစာအုပ် ၂၁၀၀ ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအတွက် စာရေးသူကိုယ်စား လာရောက်လှူဒါန်းရာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လက်ခံရယူပြီး ဂုဏ်ပြုကျေးဇူးတင် အမှာစကားပြောကြားသည်။
စာအုပ်လှူဒါန်းပွဲသို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဦးကျော်ဌေး၊ ဦးမောင်မောင်လှသောင်း၊ ဒေါ်နန်းခမ်းအုံ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်

No comments:

Post a Comment