Saturday, May 4, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


Image may contain: 2 people, people sitting and outdoor

နေပြည်တော်    မေ    ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ဥက္ကဋ္ဌ   ဖိလစ်ပိုင် သံအမတ်ကြီးဟောင်း Ms. Rosario Manalo နှင့်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

ထိုသို့တွေ့ဆုံစဉ်   ၂၀၁၇ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏  တိုက်ခိုက်မှုများသည် ရုတ်ခြည်း ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ လတ်တလောအားဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် ဖြစ်ပေါ် ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့် ဆက်စပ်နေသည့် အခြေ အနေ၊ နိုင်ငံတကာမှ စွပ်စွဲချက်များ၊ တစ်ဖက်သတ်ဖော်ပြချက်များကိုသာ မကြည့်ဘဲ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် အဖြစ်မှန်ပေါ်ပေါက် သည်ထိ စုံစမ်းစစ်ဆေးရန်လိုအပ်သည့် အခြေအနေ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီး အပြစ်ရှိသူများကို အရေးယူ ခဲ့သည့်အခြေအနေ၊ ယင်းစုံစမ်းစစ်ဆေးမှုအပြင် နောက်ထပ်ပြစ်မှုကျူးလွန် သူများ ရှိ၊ မရှိ ထပ်မံ၍စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရန်အတွက် တပ်မတော် အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ယင်းစုံစမ်းစစ်ဆေးရေးခုံရုံးကို အထောက်အကူပြုရန် ဥပဒေအကြံပေးအဖွဲ့  ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှု ကျူးလွန်သူများရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည့် အခြေအနေ၊ မြန်မာနိုင်ငံအနှံ့တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ ကိုးကွယ်သူများအားလုံး ယခုအချိန်ထိ အေးချမ်းစွာနေထိုင်နေကြ သည်ဖြစ်ရာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော ပြဿနာ သည် ဘာသာရေးပြဿနာမဟုတ်ဘဲ ဒေသတွင်းနေထိုင်ကြသူအချင်းချင်း၏ ပဋိပက္ခနှင့် တရားမဝင်လူဝင်၊ ထွက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြဿနာသာ ဖြစ်ကြောင်း သိရှိနိုင်သည့်အခြေအနေ၊ ICOE မှ သိရှိလိုသောအချက်များ ရရှိနိုင်ရေး တပ်မတော်က ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ တို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment