Sunday, May 5, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သဲကုန်း-ညောင်အိုင်ပန်းတာသစ် အပြီးသတ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး


Image may contain: 3 people, people standing and indoor
နေပြည်တော်  မေ  ၄

အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ဧရာ၀တီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊  ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ အမျိုးသား သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲမှုကော်မတီရန်ပုံငွေကျပ်ကျပ် ၉၉၀ ဒသမ ၈၆၈ သန်းဖြင့်  တည်ဆောက် နေသည့် ဧရာ၀တီဟင်္သာတတာ ဇလွန် မြို့နယ်အပိုင်း သဲကုန်း-ညောင်အိုင်ပန်း တာသစ် အပြီးသတ်တည်ဆောက်နေ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ    ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဇလွန်မြို့သို့ရောက်ရှိရာ      ဇလွန်မြို့
မြတ်ဇလွန်ခန်းမ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က ဧရာ၀တီတိုင်းဒေသကြီး ဇလွန်မြို့နယ် သဲကုန်းရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် သဲကုန်း-ညောင်အိုင် ပန်း တာသစ်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု   အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးဝင်းလှိုင်က  သဲကုန်း-ညောင်အိုင် ပန်းတာအနီး ဧရာ၀တီမြစ်ကြောင်းထိန်းသိမ်းခြင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ပူးပေါင်းဆောင်ရွက်

တင်ပြချက်များအပေါ်  ဒုတိယသမ္မတက သဲကုန်း-ညောင်အိုင် ပန်းတာသစ် တည်ဆောက်ခြင်းလုပ်ငန်းအား မိုးမကျမီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက် ရာတွင် အရည်အသွေးထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ရန်လို ကြောင်း၊ ရေရှည်အားဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ဧရာ၀တီမြစ်   ရေလမ်းကြောင်းကျယ်ဝန်းကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့်   တာတမံအနီး  ကမ်းထိန်းခြင်းလုပ်ငန်းများနှင့် သောင်တူးခြင်းလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေ လျာထားသတ်မှတ်၍ ဖိဖိစီးစီး ဆောင်ရွက်သွားရန်လိုကြောင်း၊  ယင်းသို့  ဆောင်ရွက်နေစဉ်ကာလအတွင်း မြစ်ရေကြီးခြင်း၊ ကမ်းပြိုခြင်းများဖြစ်ပေါ်လာပါက  ဒေသတွင်း  ရေလွှမ်းမိုး ပျက်စီးခြင်းမှ  ကာကွယ်နိုင်ရန်အတွက်  ဆည်မြောင်းနှင့်ရေအသုံးချမှု  စီမံ ခန့်ခွဲရေးဦးစီးဌာနက  ယခုပန်းတာသစ်ကို  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်  ဧရာ၀တီဟင်္သာတတာ ထိန်းသိမ်းခြင်းလုပ်ငန်းအား  ဌာနနှစ်ခုမှ အချိတ်အဆက်မိမိ   ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊   မြစ်ကမ်း ထိန်းသိမ်းခြင်းနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက်ဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီသည့်နည်းလမ်းများ  ရှာဖွေဖော်ထုတ်၍ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်နိုင်ရန် ကုန်ကျမည့်ပမာဏအားတွက်ချက်ထားရန် လိုအပ်ကြောင်းမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယသမ္မတသည် သဲကုန်း- ညောင်အိုင်ပန်းတာသစ်အား စက်ယ္တရားများဖြင့် အပြီးသတ်တည်ဆောက်နေမှု၊ ပန်းတာအနီး အိုးဖိုဒေါင့် ကြီးသောင်အား ရေကြောင်းပြောင်းလဲရန်အတွက်  သောင်တူးစက်များဖြင့် သောင်တူးနေမှု၊ ရေပေါ် ရေလွှဲတန်း၊ နုန်းဖမ်းတန်းများဖြင့် မြစ်ကမ်းကာကွယ်ရေး ဆောင်ရွက်ထားမှုနှင့် ကမ်းရင်းတာမိုင် ၂၂/၂ မိုင်အနီးတွင် မြစ်ရေတိုက်စားမှု ကြောင့် ကမ်းရင်းတာကျိုးပေါက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယခုတည်ဆောက်နေသည့်  ပန်းတာသစ်မှာ  ဧရာ၀တီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာ၀တီဟင်္သာတ တာမိုင်၂၂/၄ မှ ၂၄/၀ သဲကုန်း-ညောင်အိုင်ရွာအနီးတွင် တည်ရှိပြီး ယခင်ကမ်းရင်းတာမှာ တာမိုင်၂၂/ ၃ အနီးတွင် တာနှင့်မြစ်ကမ်း အကွာအဝေးသည် ပေ ၄၀ အနီးသို့ရောက်ရှိနေပြီး အက်ကြောင်းများ ဖြစ်ပေါ်နေကာ မြစ်ကမ်းပါးနိမ့်ကျ၍ ကမ်းရင်းတာအားထိခိုက် လာသည့်အတွက် ယခု  သဲကုန်း-ညောင်အိုင် ပန်းတာသစ်ကို မ်ိုးရာသီမတိုင်မီ အပြီးတည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။

ရေဘေးအန္တရာယ်မှ ကာကွယ်

သဲကုန်း-ညောင်အိုင် ပန်းတာသစ်မှာ ယခုအခါ  ၉၇ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး ပန်းတာအသစ် တည်ဆောက်ခြင်းအားဖြင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းမြို့နယ်များရှိ လယ်မြေဧက သုံးသိန်းကျော်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇၆ စု၊ အိမ်ထောင်စု ၂၈၆၆၁၅၊ လူဦးရေ  ၁၂၅၅၁၆၈ ဦးကို ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အိုးဖို-သဲကုန်းကျေးရွာ  မြစ်ကမ်းထိန်းလုပ်ငန်းနှင့်   ဒေါင့်ကြီးရေလမ်း        ကောင်းမွန်ရေးသောင်တူးလုပ်ငန်းတို့ကို     ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေကျပ်ကျပ် ၂၉၆ သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်ကျပ်သန်း ၂၀၀ တို့ဖြင့် Steel Cable Groyne  တည်ဆောက်ခြင်း၊ တစ်တန်းသွားအုန်းတိုင်စိုက်ရေကာ၊ အခြေထိန်းမျောကျောက်ဖြည့်ရေကာ နှင့် သဲအိတ်အလေးဝန်ထည့် ကတ္တရာပီပါတွဲများချထားခြင်း၊ ဝါသာလှတူးမြောင်း၀ သောင်နှင့်  အိုးဖို-သဲကုန်းကျေးရွာရှေ့  တစ်ဖက်ကမ်း  သောင်တူးဖော်ခြင်း      လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားအတွက် အလှူငွေများကိုပေးအပ်လှူဒါန်းပြီး ဇလွန်မြို့မှ မော်တော် ယာဉ်ဖြင့်  ပြန်လည်ထွက်ခွာခဲ့ရာ  မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိကြသည်။

သတင်းစဉ်

No comments:

Post a Comment