Wednesday, April 24, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Omsk မြို့ရှိJSC Radio Plantသို့ သွားရောက်ကြည့်ရှုလေ့လာ





Image may contain: 11 people, people standing and indoor
နေပြည်တော် ဧပြီ ၂၃



ရုရှားဖက်ဒရေးရှင်းနိုင်ငံIrkutsk မြို့၌ ချစ်ကြည်ရေး ခရီးရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် Irkutsk လေဆိပ်မှ ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် Omsk မြို့သို့ ရောက်ရှိရာ Russia-ASEAN Business Councilဥက္ကဋ္ဌMr. Ivan Polyakov နှင့်တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် JSC Radio Plant ပြတိုက်သို့ ရောက်ရှိကြပြီး JSC Radio Plant သမိုင်းကြောင်း နှင့် ဆက်သွယ်ရေးကဏ္ဍ၏ အရေးပါမှုVideo အား ကြည့်ရှုကြကာ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြ သည်။
သတင်းဌာနများနှင့်တွေ့ဆုံ
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် MKP-Media International Press Center သို့ ရောက်ရှိကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် Infor-mation Agency Siberian News၊ Radio Siberia ၊ Prodvizhenie TV Channel ၊ BRICS TV Chan-nel၊ Information Agency OMSC HERE သတင်းဌာနများနှင့် တွေ့ဆုံ၍ သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Omsk မြို့မှ ဆက်လက် ထွက်ခွာခဲ့ပြီး ညပိုင်းတွင် မော်စကိုမြို့ရှိ Vnukovo-3 လေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel Gen-eral Alexander V. Fomin ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment